📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မင်းတို့ လန ချ အလံဖြူထောင်မစိုးလို့ သင်္ဘောနဲ့ ပို့တာလေကွာ

ရွှေကူတွင် အလံဖြူထောင်အညံ့ခံခဲ့သည့် ​စစ်သင်္ဘောများပေါ်တွင် စစ်သားနှင့်မိသားစုဝင် ၁၀၀ ကျော်လိုက်ပါလာ၊

အကြမ်းဖက်စစ်တပ်၏ လေကြောင်းဒဏ်မသင့်စေရန် KIA နှင့် PDF ပူးပေါင်းတပ်များမှ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေယာဥ်အုပ်စုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီးတဲ့နောက် လက်နက်ချ၊ အလံဖြူထောင်တဲ့ စစ်သားနဲ့မိသားစုဝင် ၁၀၀ကျော်ကို လေကြောင်းရန်မသင့်အောင် ဘေးလွတ်ရာရွှေ​ပြောင်းပေးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂ရက်၊ ဒီနေ့မနက်ပိုင်းက ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ဇင်းဘုံရွာပတ်ဝန်းကျင်နဲ့ စင်းခန်းစခန်းမရောက်ခင်မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘောအကြီး ၁စီးဟာ ရေထဲနစ်မြုပ်သွားပြီး အခြားသင်္ဘောငယ် ၂ စီးလည်း မီးလောင်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ အဆိုပါသင်္ဘောကြီးအတွင်းကနေ ကုန်ပစ္စည်းတွေနဲ့အတူ အကြမ်းဖက်စစ်သားတွေရေထဲမျောပါသေဆုံးတာမျိုးရှိခဲ့သလို ထွက်ပြေးသွားသူတွေလည်းရှိကြောင်း သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း ကမ်းကပ်သွားတဲ့ သင်္ဘော ၂ စီးဟာ အလံဖြူထောင်ပြီး လိုက်ပါလာတဲ့ စစ်သားတွေလက်နက်ချအညံ့ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ဟာ အထက်ပါအခင်းဖြစ်ပွားရာ ဒေသတစ်ဝိုက်ကို ဂျက်ဖိုက်တာ လေယာဥ်အများအပြားအသုံးပြုပြီး လေကြောင်းကနေဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။

“အလံဖြူထောင်တာ တစ်ရာကျော်လောက်တယ်။ အဲ့အလံဖြူထောင်တဲ့သူတွေကို စကစကဖြောင်ချင်(အစဖျောက်) ချင်နေတော့လေယာဥ်နဲ့ ဆက်တိုက်ချနေတယ်။ လုံခြုံတဲ့နေရာပြောင်းပေးနေတယ်။ ရုပ်သံဗီဒီယိုဖိုင်ကအမှန်ပါ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အလံဖြူထောင်လာသူတွေနဲ့အတူ သူတို့နဲ့မိသားစုလို့ယူဆရတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေလည်းပါဝင်လာခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက ဘေးကင်းရာ လူသားချင်းစာနာစွာပြော​င်းရွှေ့ပေးနေတာကို ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

တဆက်တည်းမှာပဲ တိုက်ပွဲဖြစ်ခဲ့ရာနေရာပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ထက် ၄၀ ထက်မနည်းလုပ်ဆောင်ခဲ့သေးကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ရက်နေ့ကစလို့ မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်ဦးတည်ဆန်တက်လာတဲ့ စစ်သင်္ဘောအစီး၂၀ ပါ ရေယာဥ်အုပ်စုဟာ ရွှေကူမြို့အတွင်းရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တွေက တရစပ်တိုက်ခိုက်တာကိုခံနေကြရတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်သင်္ဘောမီးလောင် ပျက်စီးတာတွေရှိခဲ့သလိုတော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၉ရက်နေ့မနက်ပိုင်းကလည်း ရွှေကူအထက်ပိုင်းကို တက်လာတဲ့အကြမ်းဖက်စစ်သင်္ဘော ၃စီးထဲက တစ်စီးကို မီးလောင်ပျက်စီးတဲ့အထိ တိုက်ခိုက်နိုင်ခဲ့သလို တိုက်ပွဲအတွင်းခြေလျင်တပ်က ဗိုလ်မှူးအပါ ၁၆ဦးထက် မနည်းသေဆုံးပြီး ဗိုလ်မှူးကိုရဟတ်ယာဥ်နဲ့ ပြန်ခေါ်သွားရကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စ်တပ်ဟာ သူတို့ရေယာဥ်အုပ်စုတွေဆန်တက်ရာ ဧရာဝတီမြစ်ကမ်းဘေးဝဲယာတစ်လျှောက်က ကျေးရွာတွေကို အစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးစေတဲ့ Cluster Bomb တွေနဲ့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ရွှေကူမြို့နယ် စစ်ရေယာဥ်အုပ်စုတိုက်ခိုက်ခံရအပြီး အလံဖြူထောင်ခဲ့သည့်စစ်သားနှင့်မိသားစုများအားတွေ့ရစဥ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်