📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အိမ်လာနေကျ သားရဲ့သူငယ်ချင်းက T-တ်ပြီး ရွှေတွေယူသွား

ဗဟန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သားဖြစ်သူ၏ သူငယ်ချင်းက သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများ ယူဆောင်သွားမှုဖြစ်ပွားပြီး တရားခံကို ပြင်ဦးလွင်တွင် ဖမ်းမိ

ဗဟန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သားဖြစ်သူ၏ သူငယ်ချင်းက သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများ ယူဆောင်သွားမှုဖြစ်ပွားပြီး တရားခံကို ပြင်ဦးလွင်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ် ၂၈ ရက် ညနေ ၅ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနှင့် ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ်(၄၅)၊ ပထမထပ်တွင် တစ်ဦးတည်းနေထိုင်သူ ဒေါ်ခင်မိုးကြည်အား လူတစ်ဦးက သတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးတရားခံအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကြိုးပမ်း စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူတရားခံသည် သေဆုံးသူ ဒေါ်ခင်မိုးကြည်၏ သားဖြစ်သူ မောင်မိုးမြင့်မြတ်၏ သူငယ်ချင်း ဉာဏ်စိုး(၂၀)နှစ် ဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူ ဉာဏ်စိုးမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ပြင်သစ်ဘာသာစကား ပထမနှစ် တက်ရောက်နေသူဖြစ်ကြောင်း သိရသည်။

၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် ကျူးလွန်ရာမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား တောင်ဥက္ကလာပမြို့နယ်တွင် ရောင်းချခဲ့ပြီး ပြင်ဦးလွင်မြို့ပေါ်ရှိ The Waiting Lodge Hotel အခန်းအမှတ်(B-06)တွင် သွားရောက်တည်းခိုနေထိုင်လျက်ရှိကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဉာဏ်စိုးအား ဖမ်းဆီးရမိရေးအတွက် ပြင်ဦးလွင် ခရိုင်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ည(၈)နာရီ(၂၀)မိနစ်အချိန်တွင် ၎င်းအား ဖမ်းဆီးနိုင်ခဲ့ပြီးသက်သေခံပစ္စည်းများကိုသိမ်းဆည်းကာ ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဉာဏ်စိုးမှာ သေဆုံးသူ ဒေါ်ခင်မိုးကြည်၏ သားဖြစ်သူ မောင်မိုးမြင့်မြတ်၏ ရင်းနှီးသူ သူငယ်ချင်းဖြစ်ပြီး ဒေါ်ခင်မိုးကြည်၏ နေအိမ်တိုက်ခန်းသို့ ဝင်/ထွက်သွားလာလေ့ရှိကာ ဒေါ်ခင်မိုးကြည်ထံတွင် ရွှေထည်ပစ္စည်းများရှိကြောင်း၊

ဒေါ်ခင်မိုးကြည်သည် တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း သိရှိသူဖြစ်၍ ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်း၏ မိခင်အား သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများရယူသွားခြင်းဖြစ်သည်ဟု စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်