📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ထိန်းချုပ်စင်တာက အရှိန်လျော့ဖို့ ဖုန်းဆက်သတိပေးတာတောင် ဂရုမစိုက်တဲ့ ယာဉ်မောင်းကြောင့်

ထိန်းချုပ်စင်တာက အရှိန်လျော့ဖို့ ဖုန်းဆက်သတိပေးတာတောင် ဂရုမစိုက်တဲ့ ယာဉ်မောင်း ကြောင့်အမြန်လမ်းမှာ ခရီးသည်တွေ ဒုက္ခရောက်ရတဲ့အဖြစ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မောင်းရဲ့ သတိကင်းမဲ့မှုနဲ့ အမြန်နှုန်းသတိပေးချက်တွေကို လိုက်နာရန်ပျက်ကွက်မှုတွေကြောင့် ရင်နင့်စရာ ကားမှောက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်မောင်းပါ ကျား (၁၅) ဦး၊ မ (၁၀) ဦး စုစုပေါင်း ခရီးသည် (၂၅) ဦး လိုက်ပါလာတဲ့ ခရီးသည်တင် Express ယာဉ်ဟာ အမြန်နှုန်း သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး မောင်းနှင်လာခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားလာနေစဉ်အတွင်း ယာဉ်ရဲ့ တယ်လီမက်တစ် စောင့်ကြည့်စစ်ဆေးမှု အချက်အလက်တွေအရ သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်နေတာကြောင့် ထိန်းချုပ်စင်တာကနေ ဖုန်းဆက်ပြီး အထူးသတိပေးခဲ့ပေမဲ့ ယာဉ်မောင်းဖြစ်သူက လိုက်နာခြင်း မရှိခဲ့ပါဘူးလို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာရာကနေ မိုင်တိုင် ၁၃ အနီးအရောက်မှာ ရှေ့ကယာဉ်ကို ဘယ်ဘက်ကနေ ကျော်တက်ဖို့ ကြိုးစားရင်း အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးမြေသားလမ်းပေါ်ရောက်ကာ Guard Rail တံတားတိုင်တွေကို ဝင်တိုက်မိပြီး လမ်းလယ်ခေါင်မှာ ကန့်လန့်ဖြတ် တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီမမျှော်လင့်ထားတဲ့ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါလာသူတွေထဲက (၁၉) ဦးမှာ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပြီး၊ (၃) ဦးကတော့ စိုးရိမ်ရတဲ့အနေအထားနဲ့အတူ တစ်ဦးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် အမြန်လမ်း Guard Rail တံတားတိုင် (၁၂၀) ပေခန့်နဲ့ မြေသားလမ်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိုင်းနှစ်ခုလုံး ပိတ်ဆို့သွားခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ကရိန်းကားတွေနဲ့ ရှင်းလင်းခဲ့ရပြီး ယာယီလမ်းကြောင်းတွေ ဖန်တီးပေးခဲ့ရကာ ညနေပိုင်းမှသာ မူလအတိုင်း ပြန်လည် သွားလာနိုင်ခဲ့ပါတယ်။

လက်ရှိမှာ တာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ အရေးပေါ် လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

ယာဉ်မောင်းတွေအနေနဲ့ ဖုန်းဆက်သတိပေးချက်တွေကို လျစ်လျူမရှုကြဖို့နဲ့ သတ်မှတ်အမြန်နှုန်းအတိုင်း စည်းကမ်းတကျ မောင်းနှင်ကြဖို့ကိုလည်း သက်ဆိုင်ရာက အထူးသတိပေး နှိုးဆော်ထားပါတယ်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်