📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သင်္ကန်းခြုံထားတိုင်း သံဃာထင်နေသူများ သတိချပ်ဖို့

အုတ်တွင်းဈေးအတွင်း သင်္ကန်းဝတ်၍ အလှူခံနေသူအား လူဝတ်လဲစေပြီး ပုဒ်မ ၂၉၅(က) ဖြင့် အမှုဖွင့်အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ဈေးအတွင်း သင်္ကန်းဝတ်ဆင်၍ တစ်ဦးတည်း အလှူခံနေသူတစ်ဦးအား သာသနာရေးဆိုင်ရာ စည်းကမ်းနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးပြီးနောက်

လူဝတ်လဲစေကာ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်နှံ၍ ပုဒ်မ ၂၉၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် ဈေးအတွင်း သင်္ကန်းဝတ်ဆင်ထားသူတစ်ဦးတည်း ဖရိုဖရဲအနေအထားဖြင့် အလှူခံနေကြောင်း သိရသဖြင့် သာ/ထိန်းအဖွဲ့က ခေါ်ယူစစ်ဆေးရန် တပည့်ရဟန်းများကို စေလွှတ်ခဲ့ရာ

အဆိုပါအလှူခံသူက တပည့်ရဟန်းများအား လက်သီးဖြင့် ထိုးရန်ပြုမူသဖြင့် ခေါ်ယူဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းသည် ဒိုက်ဦးမြို့နယ် ကတုတ် ဘုရားကြီးဒေသမှ ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ၎င်းထံမှ ရဟန်းရက်ချုပ်စာရွက်တွင် ကိုယ်တိုင်ရေးသားထားသည့် ဘွဲ့အမည်များ၊ ထောင်မှလွတ်မြောက်ကြောင်း စာရွက်စာတမ်းမိတ္တူ၊ မိန်းမဆောင်းခေါက်ထီးတစ်ချောင်း၊ လယ်သာဘေးလွယ်အိတ်တစ်လုံး၊ ချဲလက်မှတ်များနှင့် အလှူခံရရှိထားသည့် ငွေကျပ် ၁၂၅,၆၀၀ တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အုတ်တွင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ သတင်းပို့၍ ဩဝါဒခံယူပြီးနောက် အဆိုပါအလှူခံသူအား လူဝတ်လဲစေကာ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ သာသနာညှိုးနွမ်းစေမှုဆိုင်ရာ ပုဒ်မ ၂၉၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း ဘာသာရေးအမည်ခံ၍ အလှူခံနေမှုများနှင့်ပတ်သက်၍ ယခင်ကလည်း အရေးယူမှုများရှိခဲ့ပြီး ဩဂုတ် ၃၁ ရက်က အိမ်တစ်လုံးအား ငှားရမ်းနေထိုင်ကာ မော်တော်ယာဉ်ဖြင့် လှည့်လည်အလှူခံနေသည့် အဖွဲ့တစ်ဖွဲ့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ ယခင်ဖြစ်စဉ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်