📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နောက်ဘဲထားလို့ဆိုပြီး ရည်းစားဟောင်းက ကားနဲ့ တို\_က်T-တ်

ဘန်ကောက်တွင် စုံတွဲတစ်တွဲကို ရည်းစားဟောင်းဖြစ်သူက ကားဖြင့်တိုက်သတ်

ဘန်ကောက်မြို့၊ ဝေါင်းဆဝမ် (Wong Sawang) ဧရိယာတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ရည်းစားဟောင်းဖြစ်သူနှင့် အမျိုးသားတစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ပစ်ကပ်ကားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆိုင်ကယ်ပေါ်ပါသူ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက် (ဗုဒ္ဓဟူးနေ့) အစောပိုင်း နံနက် ၁ နာရီခန့်တွင် ဘန်ကောက်-နွန်သဘူရီ လမ်းကြိုလမ်းကြား (Soi 39) အနီး၊ ပန်းရောင်လိုင်း (Pink Line) ရထားလမ်းအောက်ရှိ ကွေ့ကောက်လမ်းဆုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အတွင်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတို့သည် လမ်းလယ် ကွန်ကရစ်အတားအဆီးအနီးတွင် ပွဲချင်းပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဖရာမုန်းကွတ်ကလော (Phramongkutklao) ဆေးရုံ အမှုစစ်ဌာနသို့ ပို့ဆောင်ထားသည်။

ဆိုးဆိုးရွားရွား ပျက်စီးနေသည့် ဟွန်ဒါ (Honda) မော်တော်ဆိုင်ကယ်ကို အခင်းဖြစ်ပွားရာနေရာမှ ၃ မီတာခန့်အကွာတွင် တွေ့ရှိခဲ့ရသလို၊ စိစစ်ဆဲ စိတ်ကြွဆေးပြားများနှင့် အိုက်စ် (Crystal Meth) မူးယစ်ဆေးဝါးအချို့ကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူ အမျိုးသမီး၏ ဆွေမျိုးများ ပြောကြားချက်အရ အဆိုပါ အမျိုးသမီးသည် ပစ်ကပ်ကားမောင်းသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားနှင့် ၁ နှစ်နီးပါး တွဲခဲ့ပြီး လွန်ခဲ့သော ၂ လခန့်က လမ်းခွဲခဲ့ခြင်းဖြစ်သည်။ လမ်းခွဲပြီးနောက်ပိုင်း အဆိုပါ အမျိုးသားက ၎င်းအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်ညက သေဆုံးသူ အမျိုးသမီးသည် အခြားအမျိုးသားတစ်ဦးနှင့်အတူ ဝတ်လျက်ရတ်ဘမ်ရုန်း (Wat Liap Rat Bamrung) ဘုန်းကြီးကျောင်းအနီးမှ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားသည်ကို တွေ့ရှိပြီးနောက် ပစ်ကပ်ကားမောင်းသူက နောက်မှ လိုက်လံ၍ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

အတိုက်ခံရမှုကြောင့် ပစ်ကပ်ကားမောင်းသူ အမျိုးသားသည်လည်း စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က မိနစ် ၂၀ ခန့် အသက်ရှူစက်ဖြင့် ကူညီပေးခဲ့ရပြီးနောက် ကဆဲမ်ရတ် ပရာချာချွန်း (Kasemrad Prachachuen) ဆေးရုံသို့ ပို့ဆောင်ထားရသည်။

ရဲတပ်ဖွဲ့က အဆိုပါ သံသယတရားခံအား ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန်အတွက် ဆေးရုံတွင် ထိန်းသိမ်းထားရှိရန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို အကြောင်းကြားထားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က စီစီတီဗီ (CCTV) မှတ်တမ်းများကို စိစစ်လျက်ရှိပြီး ပစ်ကပ်ကားမောင်းသူ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်