ITS TIME FOR SAI SAI : MANDALAY
**Refund ပြန်လည်ရယူလိုသူများအတွက် အသိပေးချက်**

Refund ရယူလိုသူများအနေဖြင့် **၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ည ၁၂:၀၀ နာရီ (11:59 PM) အထိသာ** Refund ရယူနိုင်မည်ဖြစ်ပါသည်။
သတ်မှတ်ချိန်ကျော်လွန်ပြီး တောင်းခံလာသော Refund Request များကို လက်ခံဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
Refund ပြန်လည်ပေးအပ်မှုကို လုပ်ငန်းရက် ၃ ရက်မှ ၅ ရက်အတွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
Refund ကို မူလလက်မှတ်ဝယ်ယူထားသူ၏ Ticketing System တွင် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်နှင့် အမည်အတိုင်းသာ ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။
အခြားသူတစ်ဦး၏ အမည်၊ ဖုန်းနံပါတ် သို့မဟုတ် Account သို့ Refund လွှဲပြောင်းပေးမည်မဟုတ်ပါ။

⚠️ အရေးကြီးအသိပေးချက် —Refund တောင်းခံထားသော လက်မှတ်များသည် Cancel ပြုလုပ်ပြီး ပျက်ပြယ်သွားမည်ဖြစ်ပါသည်။ Cancel ပြုလုပ်ပြီးသော Ticket QR Code များသည် အသုံးပြု၍မရတော့ဘဲပွဲအတွင်းသို့ ဝင်ရောက်ခွင့်ရှိမည်မဟုတ်ပါ။
Resale သို့မဟုတ် Unofficial Seller များထံမှ ဝယ်ယူထားသော လက်မှတ်များနှင့်ပတ်သက်၍The Concert အနေဖြင့် Ticketing System တွင် မှတ်ပုံတင်ထားသော မူလလက်မှတ်ဝယ်ယူသူကိုသာ တရားဝင်လက်မှတ်ဝယ်ယူသူအဖြစ် အသိအမှတ်ပြုမည်ဖြစ်ပါသည်။ပွဲဝင်ပေါက်တွင် လက်မှတ်၏ တရားဝင်မှု၊ ပိုင်ဆိုင်မှု၊ Resale ပြုလုပ်ထားမှု နှင့်ပတ်သက်၍ အငြင်းပွားမှု သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက The Concert အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
New Venue – The First Mandalay Event Park

📍 NEW VENUE LOCATION
Between 28th & 29th Streets / Between 53rd & 54th Streets
🚪 Please enter through 53rd Street.
IT’s TIME FOR SAI SAI : MDY ပွဲလက်မှတ်ငွေပြန်အမ်းရန် တောင်းဆိုမှုများကို ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၁၂:၀၀ နာရီ (11:59 PM) အထိသာ လက်ခံပေးသွားမည်ဖြစ်ပါသည်။
Refund ပြန်လည်ထုတ်ယူရန် သတ်မှတ်ချိန်မတိုင်မီ အောက်ပါအချက်အလက် ၃ ခုလုံးကို မဖြစ်မနေ ပေးပို့ပေးပါရန်အသိပေးအပ်ပါသည်။
• Ticket QR Code�• လက်မှတ်ဝယ်ယူစဉ် အသုံးပြုခဲ့သော ဖုန်းနံပါတ်�• လက်မှတ်တွင် မှတ်ပုံတင်ထားသော အမည်
သတ်မှတ်ချိန်မတိုင်မီ QR Code၊ ဖုန်းနံပါတ်နှင့် မှတ်ပုံတင်ထားသောအမည် တို့ကို ပေးပို့ပြီးပါက၊ ကျွန်ုပ်တို့ဘက်မှ ပြန်လည်အကြောင်းပြန်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငွေပြန်အမ်းမည့်စာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
Refund စာရင်းတွင် ထည့်သွင်းပြီးသော လက်မှတ်၏ QR Code ကို ပယ်ဖျက်သွားမည်ဖြစ်ပြီး၊ Show Date တွင် ဝင်ရောက်အသုံးပြု၍ မရတော့ပါ။

ငွေပြန်အမ်းခြင်းကို မူလလက်မှတ်ဝယ်ယူထားသူ (Original Ticket Holder/Purchaser) ထံသို့သာ ပြန်လည်အမ်းပေးမည်ဖြစ်ပြီး၊ လက်မှတ်ဝယ်ယူစဉ် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်နှင့် အမည် တို့ကို အတည်ပြုစစ်ဆေးပြီးမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
💰 Refund ငွေများကို သတ်မှတ်ထားသော Refund Deadline ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် ၃ ရက်မှ ၅ ရက်အတွင်း (စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များ မပါဝင်) ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
📌 နောက်ဆုံးလက်ခံမည့်အချိန် — စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁:၅၉ နာရီ
ကျေးဇူးပြု၍ သတ်မှတ်ချိန်မတိုင်မီ လိုအပ်သောအချက်အလက်များကို ပြည့်စုံစွာ ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
The Concert
သံယောဇဉ်များခင်ဗျာ
– SaiSai Show ကို နေရာပြောင်းလဲကျင်းပရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်

– အစကတည်းက ဘောလုံးကွင်းမှာကျင်းပချင်လို့ ပွဲကို ၃လ နောက်ဆုတ်ပြီး စောင့်နေခဲ့တာပါ အခု အဲ့ဒီမှာရရှိဖို့ အဆင်မပြေတဲ့အတွက် နေရာရွှေ့ရတာပါ
– ကြိုတင်လက်မှတ်ဝယ်ထားပြီး နေရာရွှေ့လို့ ပွဲမလာနိုင်တော့တဲ့သူရှိရင် The Concert ကိုဆက်သွယ်ပေးပါခင်ဗျာ Refund ပြန်လုပ်ဖို့ စီစဉ်ပေးပါမယ် [ ၃ ရက်နေ့နောက်ဆုံး ဆက်သွယ်ပါခင်ဗျာ ]
( ဒါဆိုရင် ဝယ်ထားတဲ့ QR Ticket အလိုအလျောက် ပျက်ပြယ်မှာဖြစ်ပါတယ် )
– လက်မှတ်မရလိုက်တဲ့ ပရိသတ်များက အခုပြန်ထွက်လာမယ့်လက်မှတ်တွေကို ၃၁ ရက်နေ့မနက်ကစပြီး AYA PAY မှာ ထပ်မံဝယ်ယူလို့ရပါမယ်
– ပွဲကို ၅ နာရီခွဲ စပါမယ် ဖျော်ဖြေချိန် ၄ နာရီ ကြာမယ် ည ၉ခွဲ နဲ့ ၁၀ ကြား ပွဲသိမ်းပါမယ်
– လူအများကြီး လာမယ့်ပွဲဆိုတော့ ပြုံတိုးမနေရအောင် နေ့လည် ၁ နာရီကတည်းက ဂိတ်တံခါးစဖွင့်ပေးပါမယ်
ကွင်းထဲမှာ စားသောက်ဆိုင်တွေနဲ့ ညနေပိုင်း Fan Activities တွေလည်းရှိပါမယ်
– New Location က The First Mandalay Event Park
(28×29 ကြား / 53×54 ကြားပါ 53 လမ်းကဝင်ရပါမယ် )
နေရာပြောင်းတာကလွဲလို့ ကျန်တာအားလုံး အရင်အတိုင်းပါပဲ ရန်ကုန်ပွဲတုန်းကလိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြပါတယ်
အားပေးမှုအတွက်ရော နားလည်မှုအတွက်ရောကျေးဇူးပါခင်ဗျာ
စိုင်းစိုင်းခမ်းလှိုင်




စိုင်းစိုင်းခမ်းလှိုင် မန္တလေးရှိုးပွဲ မြို့အစွန်ရွှေ့လိုက်လို့ မသွားရဲတဲ့ပရိသတ်အချို့ လက်မှတ်တွေစျေးလျှော့ပြန်ရောင်း

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်က ရပ်တည်ခြင်းမရှိဘဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်နေလို့ Boycott လုပ်ဖို့ တိုက်တွန်းခံရတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ မန္တလေးရှိုးပွဲကို စက်တင်ဘာ ၆ ရက်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မန္တလာသီရိ အားကစားကွင်းမှာ ပြုလုပ်ဖို့ စီစဥ်ထားခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲကြည့်ပြီး တည်းခိုဖို့အတွက် မန္တလာသီရိ အားကစားကွင်းအနီးက ဟိုတယ်တွေပါ Booking တွေ ပြည့်ခဲ့တယ်လို့ ပရိသတ်အချို့က ပြောပါတယ်။

ဒါပေမယ့် ပွဲရောက်ဖို့ တစ်ပတ်ခန့် အလိုမှာတော့ ကျင်းပတဲ့နေရာကို ပြောင်းရွှေ့လိုက်ရကြောင်း စိုင်းစိုင်းခမ်းလှိုင်က အသိပေးခဲ့ပါတယ်။
ထပ်မံပြောင်းရွေ့လိုက်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြား၊ ၅၃ လမ်းမှာရှိတဲ့ The First Mandalay Event Park ဖြစ်ပါတယ်။ ကျင်းပမယ့်နေရာဟာ မြို့အစွန်ကျပြီး ၎င်းနေရာတဝိုက်ဟာ နေ့ခင်းမှာတင် မကြာခဏ လုယက်မှုတွေ ဖြစ်ပွားလေ့ရှိတာကြောင့် သွားဖို့စီစဥ်ထားသူအချို့ မသွားရဲတော့လို့ ကျပ်ငါးသောင်းတန်လက်မှတ်တွေကို လေးသောင်းခွဲကျပ်နဲ့ စျေးလျှော့ကာ ပြန်ရောင်းနေရကြောင်း မန္တလေးမြို့ခံအချို့က ပြောပါတယ်။

“အဲဘက်တွေက နေ့ခင်းဘက်တောင် လုယက်နေတဲ့နေရာတွေ။ ညဆို ပိုတောင်မသွားသင့်တဲ့နေရာမျ်ိုးတွေ။ ပွဲပြီး ပြန်လာမယ့်သူတွေ အရမ်း အန္တရာယ်များတယ် “လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်မှတ်ဝယ်ယူထားပြီး နေရာပြောင်းရွှေ့လိုက်ရလို့ မလာနိုင်တဲ့သူတွေကို ဒီကနေ့ စက်တင်ဘာ ၃ ရက် နောက်ဆုံးထားပြီး ပွဲစီစဥ်တဲ့ကုမ္ပဏီကို ဆက်သွယ်ကာ ငွေပြန်ထုတ်နိုင်တယ်လို့ ထပ်မံ အသိပေးပါတယ်။
ဒါပေမယ့် ပွဲစီစဥ်တဲ့ လုပ်ငန်းဟာ အကြောင်းပြန်တာ နှောင့်နှေးနေတာကြောင့် မသွားဖြစ်တဲ့သူအချို့ဟာ လက်မှတ်တွေကို ကိုယ့်အစီအစဥ်နဲ့ကို ပြန်လည်ရောင်းချနေရကြောင်း ပရိသတ်အချို့က ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ သွားကြည့်မယ်လို့ ဆိုတဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေပြီး ကျင်းပမယ့်နေရာတဝိုက်က ဟိုတယ်တွေ ပြည့်နေတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ယခုလက်ရှိ စစ်မှုထမ်းပေါ်တာဆွဲတာတွေ နေ့ရောညပါ ပြုလုပ်နေပြီး အသွားအလာဆင်ခြင်နေရကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာ ပျူစောထီးတွေ လက်နက်ကိုင်ဆောင်သောင်းကျန်းပြီး လုယက်တာတွေပါ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

(ရှိူးပွဲကျင်းပမည့် The First Mandalay Event Park က စတိတ်စင်အား တွေ့ရစဥ်။ ဓာတ်ပုံံ-ဒေသခံ)



Leave a Reply