📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရွှေကူမှာ ပြုတ်²ပြုန်းသွားလို့ ဖားကန့်ဖက် လှည့်လာ

ရွှေကူမှာ အထိနာချိန် ဖားကန့်မှာ စစ်တပ် စစ်ရေးပြန်လှုပ်ရှား

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIA နဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စက်တင်ဘာလဆန်းကစပြီး ဖားကန့်နေရာအချို့မှာ စစ်‌တပ်စစ်ကြောင်းတွေရဲ့စစ်​ရေးလှုပ်ရှားမှုပြန်လုပ်လာပြီးစက်တင်ဘာလ ၄ရက် မနက်ပိုင်းမှာတော့ လုံးခင်းနဲ့ မဆွတ်ယာန်ရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်နဲ့ ဝါရာဇွပ်အဖွဲ့တွေ ခြေပြန်ရှုပ်နေတာ။ လမ်းတွေလည်း ပိတ်ထားတယ်။ ဒီရက်ပိုင်း စစ်ရေးကို သတိထားကြဖို့ ကျမတို့ ဒေသခံချင်း သတိပေးနေတုန်းမှာပဲ လက်နက်ကြီး စပစ်တာ”လို့ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်မှာအခုရက်ပိုင်းတိုက်ပွဲမရှိပေမယ့် စစ်တပ်ကလေကြောင်း ကင်း‌ထောက်ပျံသန်းမှုတွေရှိနေပါတယ်။

ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။

အဲဒီစစ်ကြောင်းက အရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်တာတွေလည်းကျူးလွန်ကြလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဖားကန့်မှာ စစ်တပ်နဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ မှော်ဝမ်းလေး ကျေးရွာကို သြဂုတ်လ ၂၄ ရက်မှာ ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၅ လောင်းကို မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော နှစ်စီးနဲ့ ကုန်တင် သင်္ဘောရှစ်စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာစဉ် ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊ KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင်စစ်သုံ့ပန်း ၁၉၀ ကျော်ကို KIA၊ KPDF က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖားကန့်ဒေသခံတွအနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေ သတိပြုကြဖို့ KIA က မကြာခဏသတိပေးထားပါတယ်။

(၂၀၂၅ မိုးရာသီမှ ဖားကန့်ကို စစ်​ကူပို့ဖို့ စစ်တပ်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်