📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဗခက နိုင်နိုင်ဦး မိသားစုနဲ့ KBZ ဘဏ် ဖိုက်ပြီ

ကမာရွတ်ရှိ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစု ဝယ်ယူထားသည့် မြေကွက်ကို KBZ ဘဏ်က လူအုပ်စုဖြင့် ဝင်သိမ်းမှုဖြစ်ပွားပြီး တရားစွဲဆိုမှုများ ဖြစ်ပေါ်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သား ကျော်ဇေနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် မြင့်သန်းတို့ ဝယ်ယူထားသည့် မြေကွက်ကို KBZ ဘဏ်က အပေါင်ဆုံးမြေဖြစ်သည်ဟုဆိုကာ တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် လူအုပ်စုဖြင့် ဝင်ရောက်သိမ်းယူခဲ့

စစ်ခေါင်းဆောင်၏ သားဖြစ်သူ ကျော်ဇေနိုင်ထံ ခြိမ်းခြောက်စာတိုများ ပေးပို့မှုများ ရှိခဲ့ပြီး စာရွက်စာတမ်း အတုအပ ဖန်တီးမှု ရှိ၊ မရှိ စုံစမ်းပေးရန် အမှုဖွင့်ထားသည့်အပြင် KBZ ဘဏ်အား တရားမကြောင်းဖြင့် ပြန်လည် တရားစွဲဆိုထား

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ နာနတ်တောလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ မြေတိုင်းအမှတ် (၈၂)၊ မြေကွက်အမှတ် (၁၃)၊ မြေဧရိယာ ၀ ဒသမ ၅၄၇ ဧက ရှိသော မြေကွက်ကို အကြမ်းဖက်စစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သားဖြစ်သူ ကျော်ဇေနိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် မြင့်သန်းတို့က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သူရအောင်ဆိုသူထံမှ အလွတ်အနေအထားဖြင့် လက်ရောက်လွှဲပြောင်း ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ မြေကွက်မှာ ဒေါ်ခင်စပယ်ကြည် အမည်ပေါက် နှစ် ၆၀ မြေငှားဂရန်ရှိသည့် မြေကွက်ဖြစ်သည်။

သို့သော် အဆိုပါ မြေကွက်မှာ ကမ္ဘောဇဘဏ် (KBZ Bank) ထံတွင် ပေါင်နှံထားသည့် အပေါင်ဆုံးမြေဖြစ်သည်ဟုဆိုကာ KBZ ဘဏ်က ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်အချိန်တွင် တုတ်နှင့် ဓားများ ကိုင်ဆောင်ထားသည့် လူ ၂၅ ဦးခန့်ဖြင့် ခြံဝင်းအတွင်း အဓမ္မ ဝင်ရောက်သိမ်းယူခဲ့သည်။ ၎င်းတို့က ခြံစောင့်ကို မောင်းထုတ်ကာ နေအိမ်နှင့် ခြံအတွင်းရှိ ပစ္စည်းများကို အပိုင်စီးယူခဲ့ကြသည်။

အဆိုပါ မြေကွက်နှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ကမာရွတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေကွက်ပိုင်ရှင်ဆိုသူ သူရအောင်နှင့် မိသားစုဝင် ၇ ဦးကို ခေါ်ယူ၍ အဆိုပါမြေမှာ KBZ ဘဏ်ပိုင်ဖြစ်ကြောင်း အသိပေးခဲ့ဖူးသည်။ ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံစဉ် KBZ ဘဏ်ဘက်က ဒေါ်ခင်စပယ်ကြည် အမည်ပေါက် မြေငှားဂရန် စာရွက်စာတမ်းများ ဘဏ်တွင် အပေါင်ဆုံးဖြစ်နေသည်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

မြေကွက်အငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ သား ကျော်ဇေနိုင်ထံသို့ နိုင်ငံခြားဖုန်းနံပါတ်တစ်ခုမှ “ဝေးရာသာပြေးတော့ ကိုယ့်လူ” ဟု SMS စာတို ပေးပို့ခဲ့သည့်အပြင် Golden City Condo တွင် မနေထိုင်ရန်နှင့် နေပြည်တော်သို့ ပြန်သွားရန် အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာတိုများ ထပ်မံ ပေးပို့ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုက သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားစာများ ပေးပို့ထားပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် KBZ ဘဏ်ကို တရားမကြောင်းအရ တရားစွဲဆိုထားသည်။

ထို့ပြင် စာရွက်စာတမ်း အတုအပများ အသုံးပြုကာ KBZ ဘဏ်နှင့် ဆက်နွှယ်သည့် အပေါင်မြေအဖြစ် ဖန်တီးခဲ့ခြင်း ရှိ၊ မရှိ အထူးစုံစမ်းစစ်ဆေးပေးရန် အမှုဖွင့်ထားပြီး တရားရုံးမှတစ်ဆင့် တရားရင်ဆိုင်လျက်ရှိကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်