ဇနီးဟောင်းဖြစ်သူကို ပြန်လည်ပေါင်းသင်းဖို့ လိုက်လံပြောဆိုရာက လက်မခံလို့ ကတ်ကြေးနဲ့ထိုး
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုနယ်မှာ လင်မယားအဖြစ် ပြန်လည်ပေါင်းသင်းလိုတာကို လက်မခံလို့ ကပ်ကြေးနဲ့ထိုးခဲ့မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလ ၄ ရက် မနေ့က ည ၈ နာရီခန့်မှာ ထုံးဘိုအုပ်စု၊ ငှက်ပျော်တောရွာက အကြွေးတောင်းပြီး ပြန်လာတဲ့ ဇနီးဖြစ်သူကို ကွဲနေတဲ့ယောက်ျားဖြစ်သူက ပြန်လည်ပေါင်းသင်းလိုကြောင်း လိုက်လံညှိနှိုင်းပြောဆိုရာက စကားများပြီး ကတ်ကြေးနဲ့ထိုးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“အကြွေးသွားတောင်းပြီး အပြန်လမ်းမှာ အရင်ယောက်ျားဟောင်းက ပြန်ပေါင်းဖို့လိုက်ပြောတာ၊ မိန်းမဖြစ်သူ လက်မခံလို့ စကားများတာကနေ ရှက်ရမ်းရမ်းပြီး ကပ်ကြေးနဲ့ထိုးတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဇနီးဟောင်းဖြစ်သူကို ကတ်ကြေးနဲ့ထိုးခဲ့သူဟာ ထုံးဘိုနယ်၊ ဌက်ပျောတောလမ်း၊ တောင်(၂)ရပ်ကွက်၊ ထုံးဘိုအုပ်မှာနေတဲ့ အသက် ၃၉ နှစ်အရွယ် ကျော်မျိုးနိုင်(ခ)ဝက်ကြီး ဆိုသူဖြစ်ပြီး ကပ်ကြေးနဲ့အထိုးခံရတဲ့ အသက် ၃၂ အရွယ် မဝင်းဝင်းဌေးဟာ လည်ပင်းနဲ့ လက်မောင်းတို့မှာ ကပ်ကြေးနဲ့ထိုးတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ ကပ်ကြေးနဲ့အထိုးခံရသူ မဝင်းဝင်းဌေးဟာ ဆေးရုံမှာပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ကပ်ကြေးနဲ့ထိုးတဲ့ ယောက်ျားဟောင်းဖြစ်သူကိုတော့ ထုံးဘိုနယ်မြေရဲစခန်းမှာ (ပ)၃၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ-၃၂၄ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။



Leave a Reply