📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ညောင်တုန်းကျွန်းတာ ပေ ၃၀၀ ကျော် ၃ ကြိမ်မြောက် ထပ်မံပြိုကျ

ညောင်တုန်းကျွန်းတာ ပေ ၃၀၀ ကျော် ၃ ကြိမ်မြောက် ထပ်မံပြိုကျ – တာ၏ ၃ ပုံ ၁ ပုံသာ ကျန်ရှိတော့၍ စိုးရိမ်ရသည့်အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၏ ရေဘေးအန္တရာယ် ကာကွယ်ရေးတွင် အလွန်အရေးပါသော ညောင်တုန်းကျွန်းတာကြီးသည် တိုးမြစ်ရေ၏ ပြင်းထန်သော ရေတိုက်စားမှုဒဏ်ကြောင့် စက်တင်ဘာလ ၅ ရက် ယနေ့ နံနက်ပိုင်းတွင် ပေ ၃၀၀ ကျော် ထပ်မံပြိုကျသွားခဲ့ပြီး ဒေသခံများ ရင်တထိတ်ထိတ်နှင့် အခြေအနေကို စောင့်ကြည့်နေကြရပါတယ်။

ဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲဖြစ်သော တိုးမြစ်ရေတိုက်စားခံရသည့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ အကြား) တွင် ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခန့် တိုင်းတာချက်များအရ ရေဝင်တိုက်စားမှုကြောင့် ပေ ၃၀၀ မှ ၃၃၀ ခန့်အထိ အလျားရှိသော မြေသားတာကိုယ်ထည်ကြီး ထပ်မံ၍ လှိုင်းလုံးများထဲသို့ ပြိုကျပျက်စီးခဲ့ရခြင်း ဖြစ်ပါတယ်။ ယခု ပဲ့ကျမှုသည် ရွာမရှိသည့် အခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခင်ပြိုကျခဲ့သည့် နေရာ၏ ဘေးကပ်လျက်တွင် ထပ်မံဖြစ်ပေါ်ခဲ့တာပါ။

ညောင်တုန်းတာကြီး၏ တိုက်စားခံရမှု ဖြစ်စဉ်မှာ ယခုအကြိမ်သည် (၃) ကြိမ်မြောက် အဓိကပြိုကျမှုလည်း ဖြစ်ပါတယ်။

လွန်ခဲ့သည့် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့်ရှိ တာကိုယ်ထည် ပထမအကြိမ် ရေတိုက်စားခံခဲ့ရပြီးနောက်၊ ဩဂုတ်လ ၃၀ ရက်တွင် ရွာဘက်အခြမ်း မဏ္ဍပ်ရှိရာနေရာ၌ ဒုတိယအကြိမ် ပြိုကျခဲ့ကာ ယနေ့ စက်တင်ဘာလ ၅ ရက်တွင်မူ ၃ ကြိမ်မြောက်အဖြစ် ပေ ၃၀၀ ကျော် ထပ်မံပဲ့ကျခဲ့တာ ဖြစ်ပါတယ်။

အကြိမ်ကြိမ် တိုက်စားခံရမှုများကြောင့် မူလတာကြီး၏ မြေသားဧရိယာ ပမာဏမှာ ၃ ပုံတွင် ၁ ပုံခန့်သာ ကျန်ရှိတော့သည့် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေပါတယ်။

လက်ရှိတွင် မြစ်ရေမှတ်မှာ ပထမအကြိမ် ပြိုကျစဉ်ကထက် ပိုမိုမြင့်တက်နေသော်လည်း တိုးမြစ်ရေ ရုတ်တရက် ထပ်မံမြင့်တက်ခြင်း မရှိသေးသဖြင့် အချိန်နှင့်အမျှ စောင့်ကြည့် ကာကွယ်လျက် ရှိပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံများက ပထမနှင့် ဒုတိယအကြိမ် ပြိုကျစဉ်ကတည်းက ကာကွယ်ရေး ပန်းတာများ စတင်တိုးချဲ့ခဲ့ရသလို ယခု ၃ ကြိမ်မြောက် ပဲ့ကျသည့် နေရာတွင်လည်း ပန်းတာတစ်ခု ထပ်မံတိုးချဲ့ တည်ဆောက်နေရပြီး တာကာရံခြင်း၊ ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်း လုပ်ငန်းများကို အဟုန်မြှင့် ဆောင်ရွက်ရန် အရေးပေါ် လိုအပ်လျက်ရှိနေပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်