ကျောင်းကပြန်လာတဲ့ သားလေးက အမေ သား ကျောကုန်းတွေနာတယ်လို့ ပြောလိုက်လို့ အမေက သားအင်္ကျီကို လှန်ကြည့်လိုက်တာ ရိုက်ထားတဲ့အရာတွေ အများကြီးကို သွားတွေ့တယ်။
အမေက သားကို ဘယ်သူရိုက်တာလဲ မေးတော့ ဆရာက အိမ်စာမလုပ်လာလို့ ရိုက်တာ သား ၁ ယောက်ထဲမဟုတ်ဘူး 10 ယောက်လောက် အရိုက်ခံရတယ်လို့ ပြောပြခဲ့တယ်။
အဲတော့ အမေက သားအရိုက်ခံရတဲ့နေ့က ၁ရက်နေ့ဖြစ်ပြီး နောက်နေ့ ကျောင်းအုပ်ဆီ သွားပြီး ရိုက်တဲ့ဆရာကို ကျောင်းပြောင်းပေးပါဆိုပြီး သွားပြောတော့ ကျောင်းအုပ်က ပြောင်းမရဘူးလို့ ပြောခဲ့တယ်။
အဲနောက် အမေဟာ သားသမီးဇောနဲ့ ထပ်ပြီး အကူညီတောင်းတော့ ကျောင်းဆရာကိစ္စကို အထက်က သိသွားပြီး ကျောင်းဆရာကို ကလေးကို ဘာလို့ ရိုက်တာလဲလို့မေးကြတယ်။
ဆရာက သူရိုက်တယ်ဆိုတာ ဝန်ခံခဲ့ပြီး အိမ်စာ မလုပ်လာလို့ အပစ်ပေးတာ၊ ရိုက်ပြီးတော့ ကျောင်းသားတွေကို ဆေးလိမ်းပေးခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဆရာဆိုပြီး ရိုက်ချင်တိုင်း ရိုက်လို့မရဘူး။
ကျောင်းသားက ပြောမရရင် မိဘတွေကို ပြောရင်ပြော၊ ဒါမှတ်မဟုတ် တခြားနည်းလမ်းကို သုံးသင့်တယ်လို့ ဆိုပါတယ်။
ကလေးဆော့တာတို့ ပြောမရတာတို့က ဆရာကို နားလည်ပေးမဲ့ စိတ်ရှိတိုင်း ရိုက်ရမယ် ဆိုတာတော့ မဖြစ်သင့်ဘူး။
အခုတော့ ကျောင်းဆရာကို တစ်ခြားကျောင်းကို ပြောင်းရမယ်ဆိုတဲ့ အမိန့် ချမှတ်လိုက်ပါတယ်။



Leave a Reply