ဟုတ်ကဲ့ အTay ခံ ကမြင်းကြမယ့် အုပ်စုပါ

ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေများသို့ ခရီးသွားအနည်းငယ် ပြန်လည်ဝင်ရောက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသောကြောင့် မတ်လအစပိုင်းမှ စတင်ပြီး အပန်းဖြေသူများ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ကမ်းခြေများတွင် နေ့စဥ် လာရောက်လည်ပတ်သူ အချို့ ပြန်လည်ရောက်ရှိလာပြီး နယ်ခံဈေးဆိုင် အချို့နှင့် တည်းခိုခန်း၊ ဟိုတည်များ ပြန်လည်ဖွင့်လှစ်ထားကာ စစ်ဘေးရှောင်သွားသည့် ဆိုင်အချို့ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲတွေက ဇန်နဝါရီလကုန်လောက်ကတည်းက ရပ်သွားတာ ခုဆိုလေအိတ်ကား နဲ့ စုပေါင်းလာတာတို့ ကိုယ်ပိုင်ကားနဲ့လာတဲ့ဧည့်သည်တွေတော့ရှိလာပြီ။ အရင်လိုတော့မစည်သေးဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က မကျီးဇင်ကျေးရွာရှိ စစ်ကောင်စီတပ်ကို၀င်ရောက်တိုက်ခိုက်၍ မကျီးဇင်နှင့် ဘောမိကျေးရွာများကို သိမ်းယူခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကမ်းခြေများမှ ဟိုတယ်နှင့် တည်းခိုခန်းများ ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

ရွှေသောင်ယံ၊ အုန်းချောင်း၊ ၀က်သေ၊ သဘော့ကန် စသည့်ကျေးရွာများမှ စစ်ဘေးရှောင်သူအချို့ ကျေးရွာများသို့ပြန်လည်ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားခဲ့သော မကျီးဇင်နှင့်ဘောမိကျေးရွာများမှ ဒေသခံအချို့မှာပုသိမ်မြို့ပေါ်နှင့် ကျေးရွာများတွင် ယနေ့ထိ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *