📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကြည့်မြင်တိုင် ခွေးကိုက်ခံရမှုဖြစ်စဉ်နှင့် ရန်ကုန်မြို့၏ လမ်းဘေးခွေး စိန်ခေါ်မှု

ကြည့်မြင်တိုင် ခွေးကိုက်ခံရမှုဖြစ်စဉ်နှင့် ရန်ကုန်မြို့၏ လမ်းဘေးခွေး စိန်ခေါ်မှု…

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် မနက်အစောပိုင်း ဈေးထွက်ရောင်းသည့် ဈေးသည်အမျိုးသမီးတစ်ဦး လမ်းဘေးခွေးကိုက်ခံရပြီးနောက် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ကြောင့် လမ်းဘေးခွေး ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မြို့ခံများအကြား စိုးရိမ်ပူပန်မှုများနှင့် အငြင်းပွားဖွယ်ရာများ ပြန်လည်မြင့်တက်လာခဲ့သည်။

စမ်းချောင်းနှင့် ကြည့်မြင်တိုင် အပါအဝင် ရန်ကုန်မြို့နယ်အချို့တွင် လမ်းဘေးခွေးများကို ပုံမှန်အစာလိုက်ကျွေးလေ့ရှိသော်လည်း ခွေးကိုက်ခံရမှု သို့မဟုတ် ရန်မူသည့် ဖြစ်စဉ်များပေါ်ပေါက်လာပါက တာဝန်ယူ တာဝန်ခံပေးသည့် “တိရစ္ဆာန်ချစ်သူ” အမည်ခံသူ မရှိသလောက် နည်းပါးနေကြောင်း မြို့ခံအချို့က ထောက်ပြကြသည်။

လမ်းဘေးခွေးများကို မွေးစားရန် ငြင်းဆန်ပြီး အစာကျွေးရုံသာ လုပ်ဆောင်နေခြင်းက ပြဿနာကို ပိုမိုကြီးထွားစေသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် ခွေးရူးပြန်ကာကွယ်ဆေးနှင့် ဆေးကုသစရိတ်မှာ ကျပ် ၃ သိန်းမှ ၅ သိန်းအထိ ကုန်ကျနိုင်သဖြင့် နေ့စဉ်စားဝတ်နေရေး ရုန်းကန်နေရသူများအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။

အများပြည်သူ ဆေးရုံများတွင် ကာကွယ်ဆေးအခမဲ့ ထိုးပေးသော်လည်း လူဦးရေ ပြည့်မီမှ ထိုးပေးသည့်စနစ်ကြောင့် ဆေးကုသရန် အခက်အခဲများ ရှိနေသည်။

နွေရာသီနှင့် ရာသီဥတု ပူပြင်းသည့် ကာလများတွင် ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့အနေဖြင့် အောက်ပါ လုပ်ဆောင်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း တောင်းဆိုနေကြသည်-

စည်ပင်မှ လမ်းဘေးခွေးများအား စနစ်တကျ ရှင်းလင်း/ထိန်းချုပ်ခြင်း

အိမ်မွေးခွေးများအား မဖြစ်မနေ မှတ်ပုံတင်စေခြင်းနှင့် ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးနှံစေခြင်း

လမ်းဘေးခွေး ကန့်ကွက်သည့် တိချစ်သူများကို တာဝန်ယူမွေးစားစေသည့် မူဝါဒများ ချမှတ်ခြင်း

ခွေးရူးပြန်ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်း

လူထု၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအတွက် လမ်းဘေးခွေး ပြဿနာကို ကြိုတင်တားဆီး ထိန်းချုပ်သည့် နည်းလမ်းများဖြင့် အမြန်ဆုံး အကောင်အထည်ဖော် အရေးယူ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်