📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မယ်ဆိုင်ချောင်းရေ ရုတ်တရက်တက်လာတဲ့ တာချီလိတ် လက်ရှိအခြေအနေ

တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်ပြီး တာဘောင်များကျိုးကာ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် မြန်မာဘက်ခြမ်းရှိ ရေကာတာဘောင်များ ကျိုးပျက်ကာ ရပ်ကွက်အချို့အတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆတ်ဒေသဘက်၌ မိုးများရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာခြင်းကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ချောင်းရေ မြင့်တက်လာမှုကြောင့် မယ်ဆိုင်တံတားအနီးရှိ မကာအိုဆန်းရပ်ကွက် ပြည်သူ့စစ်ဂိတ်အနီးမှ ရေကာတာဘောင်နှင့် ကမ္ဘောဇဘဏ်လမ်းဘက်ရှိ တာဘောင်များ ကျိုးပျက်ခဲ့ကာ ရပ်ကွက်များအတွင်းသို့ ရေများ စီးဝင်ခဲ့ကြောင်း သိရှိရသည်။

ဒေသခံတစ်ဦးက “ရုတ်တရက်ပဲ ရေကြီးလာတော့ တာဘောင်တွေ ကျိုးကျတာပါ။ တာချီလိတ်မြို့ မကာအိုဆန်းရပ်ကွက် ပြည်သူ့စစ်ဂိတ်က တာဘောင်နဲ့ တာလော့ရပ်ကွက်ဘက်က တာဘောင်တွေ ကျိုးပြီး ရပ်ကွက်ထဲ ရေဝင်လာတာ။ ၁၅ မိနစ်လောက်နေတော့ ရေပြန်ကျသွားတယ်။ အပျက်အစီးတော့ မရှိသွားဘူး” ဟု ပြောဆိုသည်။

အဆိုပါ တာဘောင်များကို သဲအိတ်များဖြင့် ထပ်ဆင့်ကာရံထားခြင်းဖြစ်သော်လည်း ရုတ်တရက် ချောင်းရေမြင့်တက်လာချိန်တွင် ရေစီးအားကို မခံနိုင်ဘဲ ကျိုးပျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ရေများသည် လမ်းများနှင့် ရပ်ကွက်အချို့အတွင်းသို့ စီးဝင်ခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“တာချီလိတ်မြို့ထဲမှာတော့ မိုးမရွာဘူး။ မိုင်းဆတ်ဘက်ကနေ တောင်ကျရေ ဆင်းလာပြီး တာဘောင်တွေ မခံနိုင်လို့ ရပ်ကွက်တွေထဲ ရေက အလုံးအရင်းနဲ့ ဝင်လာတာ။ အခုတော့ ရေပြန်ကျသွားပါပြီ။ သဲအိတ်တွေကို ဆင့်ပြီးထပ်ထားတဲ့ တာဘောင်တွေက ရေဒဏ်မခံနိုင်တော့ အကုန်ပြိုကျသွားတာ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုင်းဆတ်ဒေသတွင် မိုးများနိုင်ကြောင်း ထုတ်ပြန်ထားပြီး၊ တောင်ကျရေများ စီးဆင်းလာမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေသည် ၃၉၀ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းမှစတင်၍ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုတို့ကြောင့် မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်ရုံးအနီး၊ မြို့ပတ်လမ်းရှိ သင်္ဘောဟိုတယ်ရှေ့နှင့် မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်း အပါအဝင် နေရာအချို့တွင် ရေများဝင်ရောက်လျှံတက်နေကြောင်း သိရသည်။

ထို့ပြင် မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းနှင့် ဧရာဝဏ်တည်းခိုခန်းအနီးဝန်းကျင်ရှိ မယ်ဆိုင်ချောင်းကမ်းပါးနှင့် မြေထိန်းနံရံအချို့လည်း ပြိုကျခဲ့ပြီး မြို့တွင်းသို့ ရေများ ဆက်လက်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“တာချီလိတ်မှာ မိုးကလည်း ဆက်ရွာနေတယ်။ မယ်ဆိုင်ချောင်းရေကလည်း တက်လာတော့ မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေအကုန်ဝင်နေတယ်။ ထိုင်းဘက်ခြမ်းမှာလည်း ရေဝင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည့် အခြေအနေရှိနေသဖြင့် ချောင်းအနီးရှိ ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေအခြေအနေကို အထူးဂရုပြုရန်နှင့် လိုအပ်ပါက ဘေးကင်းရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် ယခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း၌လည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းလာမှုကြောင့် မြို့တွင်းနေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

တာချီလိတ်ဘက် မယ်ဆိုင်ချောင်း ရေတားနံရံအချို့ ပြိုကျပွင့်ထွက်ကုန်သဖြင့် မြို့အတွင်း ရေအလုံးအရင်း စီးဝင်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ မယ်ဆိုင်ချောင်း ရေမဝင်စေရန် ကာရံထားသည့် ရေတားနံရံအချို့ ပြိုကျပွင့်ထွက်ကုန်သဖြင့် ချောင်းရေများ တာချီလိတ်မြို့ထဲသို့ အလုံးအရင်းဖြင့် စီးဝင်နေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၁၁ နာရီတွင်ရရှိသည့် ဒေသတင်းများအရ တာချီလိတ်၊ မကာအိုခမ်းရပ်ကွက် အလူရာ ဟိုတယ်ဘက်မှ မီတာ ၂၀ ဝန်းကျင် ရေတားနံရံများ ချောင်းရေတိုးသည့် ဒဏ်ကြောင့် ပြိုကျပျက်စီးကာချောင်းရေများ မြို့ဘက်သို့ အလုံးအရင်းနှင့် စီးဝင်နေခြင်းဖြစ်၍ အများပြည်သူများ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ကြရန်ထိုင်းဘက် မယ်ဆိုင်နေ မြန်မာပြည်သူများမှတိုက်တွန်းနှိုးဆော်နေကြောင်း သိရသည်။

“ရေတားထားတဲ့ နံရံတွေ တစ်ခုပြီးတစ်ခု ရေနောက်ပါနေတာ။ တံတားလည်း ရေထိနေပြီ။ ရေကျော်ရင်တော့ တံတားပိတ်တော့မှာ”ဟု မယ်ဆိုင်ခေတ္တရောက် ​တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ် RK ဟိုတယ်တွင် တည်းခိုနေသည့်အဆိုတော် ဟေမာနေဝင်းကို လှေဖြင့် ပို့ဆောင်နေသည်ကိုလည်း ဒေသခံတစ်ဦးက ရုပ်သံတင်လာသည်ကို တွေ့ရသည်။

“မနေ့က ကုန်းလမ်းကလာတယ်၊ အခု ရေလမ်းကပြန်တယ်။ အတော်ကုသိုလ်ထူးတယ်”ဟု ယင်းရုပ်သံကို တွေ့မြင်သူတစ်ဦးက မှတ်ချက်ပြုသည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် မြို့ပေါ် မကာအိုခမ်း၊ ဆန်ဆိုင်း၊ တာလောနှင့် ပုန်ထွန်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရေတားနံရံများ ပြိုကျကာ ရေကြီးမှုအခြေအနေ ဆိုးရွားနေသည့် မကာအိုခမ်းရပ်ကွက်တွင် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေရာ နာရေးပို့ဆောင်သည်ကိုပင် ရေပေါ်ဖောင်နှင့် လှေများ အသုံးပြုပြီး ပို့ဆောင်နေရသည့်အ​ခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီတွင် မယ်ဆိုင်ချောင်းရေမှာစိုးရိမ်ရေမှတ်အထက် ၇၇ စင်တီမီတာအထိကျော်လွန်ကာ ၄၆၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ချောင်းရေများ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ အရှည် ၁၂ ဒသမ ၈ ကီလိုမီတာရှိ ရေတားနံရံကို Big Bag သဲအိတ်ကြီးများ ဖြင့် အရေးပေါ် ကာကွယ်ထားရှိကာ ရေဘေးအန္တရာယ်သတိပေး ဥသြဆွဲ၍လူထုသို့ သတိပေးနေကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်