နတ်ရေကန်စခန်းကို စစ်ကောင်စီက နေ့စဉ်လက်နက်၊ခဲယမ်းနှင့် လူအင်အားဖြည့်ပို့ဆောင်နေရပြီး တိုက်ပွဲပြင်းထန်နေ၍ ပဒါန်းအမြောက်တပ်မှ ပစ်ကူနေ

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်စစ်ကောင်စီစခန်းကို AA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး စစ်ကောင်စီက နေ့စဉ်အင်အားဖြည့်တင်းနေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့်အတွက် ပဒန်းရှိ အမြောက်တပ် အမတ ၃၇၅ မှနေ၍ လက်နက်ကြီးများဖြင့် နတ်ရေကန်ဘက်သို့ ပစ်ကူတိုက်ခိုက်ပေးနေကြောင်း သိရသည်။

“တိုက်ပွဲက ထွေးလုံးရစ်ပတ်အနေအထားဖြစ်နေတယ်ပြောရမယ်။ ပဒါန်းရွာနဲ့ဆို ၁၅မိုင်လောက် ကွာမယ်။ အဲဒီ့ကနေ လက်နက်ကြီးနဲ့ပစ်တယ်။ မိတ္ထီလာ အခြေစိုက် ခမရ ၃၁၅ ကလွဲလို့ တပ်မ ၉၉ ရဲ့ ကျန် တပ်ရင်းကိုးရင်းစလုံးကို အင်အားဖြည့်နေတာပါ” ဟု မကွေးစစ်သတင်းရင်းမြစ်က ပြောသည်။

မကွေးရှိ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီအင်အား ၃၀၀ကျော်ပါယာဉ်တန်းသည် ပြီးခဲ့သည့် မတ် ၃ ရက်နေ့က အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) အတွင်း ဝင်ရောက်လာပြီး မတ် ၅ ရက်နေ့တွင် နတ်ရေကန်နှင့် သက်ဆိုင်ရာစခန်းများသို့ သွားရောက် ပူးပေါင်းထားကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ မတ် ၈ ရက်ကလည်း အင်အားအသင့်အတင့်ပါ ရိက္ခာနှင့် လက်နက်ခဲယမ်းပါ ယာဉ်တန်းသည် မစခ ၉၀၅ သို့မဝင်ဘဲ နတ်ရေကန်စခန်းသို့ ပူးပေါင်းသွားကြောင်း သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်းနတ်ရေကန်စခန်းနှင့် ၁၁ မိုင်သာကွာဝေးသည့် ပျဉ်းဝစစ်ဆေးရေး ဂိတ်၌လည်း စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

နတ်ရေကန်အနီး ကမ္ဘာလုံး စခန်းတွင်လည်း တပ်မ(၉၉) ၏ ဒုတပ်မမှူးက ဗျူဟာမှူးအဖြစ် ဦးစီးနေပြီး ခံစစ်စခန်းကို အထူးမွမ်းမံပြင်ဆင်ထားရန်စစ်ကောင်စီက ညွှန်ကြားထားကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။

စွန်တက်စစ်ကောင်စီစခန်းမှ ခမရ ၁၅နှင့် ခမရ ၃၁၅ တို့ကို ကမ္ဘာလုံးစခန်းတွင်ပူးပေါင်းထားပြီး အင်အား ၂၀၀ ကျော်ဖြင့် စုဖွဲ့မှုရှိနေကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *