📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ညအမှောင်ကို ရင်မဆိုင်ရဲကြတော့တဲ့ ရန်ကုန် အခြေခံလူတန်းစားတွေ

စစ်မှုထမ်း ပြန်ပေးဆွဲ သောင်းကျန်းနေသဖြင့် ရန်ကုန်မြို့တွင်းလုပ်ငန်းများ မမှောင်ခင် အလုပ်ဆင်း ခွင့်ပေး

စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ သောင်းကျန်းလာခြင်းကြောင့် ရန်ကုန်မြို့တွင်းရှိ လုပ်ငန်းများမှာ ညနေဘက် စောစောအလုပ်ဆင်းပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီအများစုမှာ ညနေ ၅ နာရီနောက်ဆုံးထားကာ အလုပ်ဆင်းခိုင်းနေပြီး စတိုး ဆိုင်ကဲ့သို့သော အလုပ်များမှာ ည ၇ နာရီနောက်ဆုံးထားကာ ပြန်လွှတ်နေကြောင်း ရန်ကုန်မြို့တွင်းရှိ ကုမ္ပဏီဝန်ထမ်းအချို့ထံက သိရသည်။

“ဖယ်ရီရှိတဲ့ ကုမ္ပဏီတချို့ကျတော့ မနက်၈၊ညနေ ၄ အလုပ်ချိန်ပြောင်း သတ်မှတ်တယ်။ ဖယ်ရီမရှိတာကျတော့ မနက် ၉၊ ညနေ ၅။ အခု ဒီလပိုင်းမှ ပြောင်းသတ်မှတ်ကြတာ များတယ်။ ပေါ်တာကို အကုန်ကြောက်နေရတယ်”ဟု ရန်ကုန်မြို့တွင်း ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အကြီးတန်းအ ရာရှိတစ်ဦးက ပြောသည်။

နေ့စဉ် အလုပ်ဆင်းချိန် နောက်ကျလေ့ရှိသော ၎င်းတို့ကုမ္ပဏီသည်လည်း ဩဂုတ်လလယ်ပိုင်းမှ စ တင်ကာ ရန်ကုန်မြို့စွန်၌ နေထိုင်သူများအား ညနေ ၅ နာရီထိုးသည်နှင့် အလုပ်ဆင်းခွင့်ပြုကြောင်း ဒီဂျစ်တယ်မားကက်တင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

“သိပ်မဝေးတဲ့နေရာမှာ နေတဲ့သူတောင် ၅ ခွဲဆို ဆင်းပဲ။ ကျနော်တို့အလုပ်ကရှုပ်တော့ အခု အိုဗာတိုင် လုပ်ရမယ်ဆိုရင် အိမ်ကနေ လိုင်းပေါ်ကလုပ် အိုဗာတိုင်ကြေးပေးတယ်။ ပေါ်တာကို ကြောက်တာ ကျနော်တို့ ဘောစိကိုယ်တိုင် ကြောက်တာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ စတိုးဆိုင်အချို့တွင်မူ အမျိုးသားဝန်ထမ်းများကို ၅ နာရီခွဲပြန်ခိုင်းပြီး အမျိုးသမီး များကို ၆နာရီခွဲ ပြန်ခိုင်းကြောင်း သိရသည်။

“မကြာသေးဘူး။ တစ်လလောက်ပဲ ရှိဦးမယ်။ အဲလိုလုပ်တာ။ ပေါ်တာကြောင့်ရော ညမှောင်တာနဲ့ မြို့ ထဲမှာ လူရှိရင်တောင် ဆိုင်မှာ အထည်လာဝယ်တာမျိုးက မရှိတော့ဘူး၊ အဲဒါရော ပါတယ်။ မိန်းက လေးတွေလည်း နောက်ကျရင် ကြောက်ကြတယ်။ ဆိုင်တိုင်းလားဆိုတော့ ကျမသမီးလုပ်တဲ့ ဆိုင်နဲ့ အဲအနားက ဆိုင်တွေက အဲလိုလုပ်တာ။ တခြားဆိုင်တွေတော့ မပြောတတ်ဘူး”ဟု တောင်ဥက္ကလာ ပမြို့နယ်နေ အထည်ဆိုင်ဝန်ထမ်းတစ်ဦး၏ မိခင်က ပြောသည်။

မြေနီကုန်းတစ်ဝိုက်ရှိ အထည်နှင့် စတိုးဆိုင်များသည်လည်း ညနေ ၆ နာရီကျော်လျှင် ပိတ်ကြပြီဖြစ်ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်