အိမ်အကူလက်ချက်ကြောင့် ရန်ကုန်မြို့လည် ဗိုလ်တထောင် ၄၁ လမ်းမှာ သက်ကြီးအမျိုးသမီး သေဆုံး
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်းအပေါ်ဘက်မှာ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မနေ့ညပိုင်းက နေအိမ်အတွင်း အသတ်ခံခဲ့ရတယ်လို့ အနီးအနားနေထိုင်သူတွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ အမျိုးသမီးဟာ အိမ်အတွင်း တစ်ဦးတည်းရှိနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး သူ့ရဲ့အမျိုးသား အပြင်ကနေ ပြန်ရောက်လာချိန်မှာ အိမ်မီးတွေ မှောင်နေတဲ့အပြင် ဇနီးဖြစ်သူ အသတ်ခံထားရတာကို သိရှိခဲ့ရတယ်လို့ ရပ်ကွက်အတွင်း ပြောဆိုနေကြပါတယ်။
“အိမ်ထဲမှာ တစ်ယောက်တည်းရှိနေတဲ့အချိန် ဖြစ်သွားတာလို့ သိရတယ်။ အမျိုးသားက အပြင်ကပြန်လာတော့ အိမ်က မှောင်မဲနေပြီး အမျိုးသမီး အသတ်ခံထားရတာကို သိရတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြတယ်” လို့ အနီးအနားနေထိုင်သူတစ်ဦးက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခန်းအနီး နေထိုင်သူတချို့ကတော့ မိသားစုဝင်တွေ မရှိချိန် အိမ်မှာ အကူအဖြစ် ခေါ်ယူထားသူတစ်ဦးက ကျူးလွန်ခဲ့တာလို့ ပြောဆိုနေကြပါတယ်။ အဆိုပါပြောဆိုချက်ကို သက်ဆိုင်ရာက အတည်ပြုထားခြင်း ရှိ၊ မရှိကိုတော့ လတ်တလော မသိရသေးပါဘူး။
ဒီဖြစ်စဉ်ကြောင့်ပဲ အနီးအနားနေထိုင်သူတွေကြားမှာလည်း သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ အိမ်အကူခေါ်ယူရာမှာ လုံခြုံရေးအခြေအနေကို ပိုမိုစိုးရိမ်လာကြပြီး မိသားစုဝင်တွေ အိမ်မှာ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ အပြင်လူတွေ မသိရှိစေဖို့ ပိုမိုဂရုစိုက်သင့်တယ်လို့ ပြောဆိုမှုတွေ ရှိလာပါတယ်။












Leave a Reply