ယူထားတာ ၂ လပဲရှိသေးတယ်ကွာ …
လက်ပြန်ကြိုးတုပ်ထားတဲ့ ငါ့အရှေ့မှာ ငါ့မိန်းမကိုကိုယ်တုံးလုံးကြီးခေါ်လာပြီး ဆီးခုံမွေးတွေကို တစ်ပင်ချင်း ဆွဲနှုတ်နေတာ …
ငါတော့ မလှုပ်နိုင်တော့ဘူး …
စစ်ဖိနပ်တွေနဲ့ငါ့လည်ပင်းကိုနင်းထားလို့…တစ်ကိုယ်လုံးလဲ ထုံကျဉ်နေတာ….
ငိုချင်တာပဲသိတော့တယ် စောချစ်ရာတဲ့…..
နေပူကျဲကျဲမှာ သူပြောနေရင်းနဲ့ ငါ့အရှေ့ကမြက်ပင်ကို အားနဲ့ဆွဲနှုတ်လိုက်တယ်..
သူ့အသံတွေက တုန်နေပြီးးး ငါ သူ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တော့ အဆီပြန်ပြီး နေလောင်ထားတဲ့မျက်နှာပြင် နီကြောင်ကြောင်ပေါ်မှာ မျက်ရည်စီးကြောင်းတွေ…
သူ့အံကြိတ်သံက နေပူပူ တောင်ယာခင်းပြင်ကြီးထဲမှာ ချွေးတရွဲရွဲနဲ့ပေါက်တူးပေါက်နေတဲ့ ရဲဘော်တွေရဲ့ ပေါက်တူးပေါက်သံကို ဖုံးသွားတော့မလားပဲ…
မိန်းမကိုယ်ကို ဆေးလိပ်မီးနဲ့ တစ်ချက်တို့တယ်..
သူ့မိန်းမမျက်နှာကို သူမကြည့်ရဲဘူး..
သူသိတာကတော့ သူ့မိန်းမလဲ အံကြိတ်ထားလွန်းလို့ ပါးစပ်ကနေ သွေးတွေယိုစီးကျနေတာပဲ…..
ရင်ထဲမှာ နာကျဉ်လွန်းလို့..
အိမ်အောက်ထပ်က အုတ်ခုံထဲမှာ လက်နက် ၁၀ ခုရှိတယ်လို့ပြောလိုက်ရတော့….
စစ်ဖိနပ်တွေ ဘယ်နှစ်စုံမှန်းမသိ သူ့မျက်နှာဆီကိုပြေးဝင်လာတယ်..
အဝတ်မရှိတဲ့ သူ့မိန်းမရဲ့ဗိုက်ကို သေနတ်ဒင်နဲ့ထုချလိုက်တယ်….
ငါ့ကိုသူပြန်ပြောပြတဲ့အချိန်မှာတော့ လိမ်ကောက်နေတဲ့နှာခေါင်းရယ် အရှေ့သွား ၃ချောင်းရယ်လောက်က ပျောက်နေပြီး…
ငါ့နားထဲကို ယိုစီးသွားတဲ့ သူ့စကားတွေက ငါ့ရင်ဘတ်ကြီးထဲကို ခေါင်းပေါ်မှာဇွတ်ပူပြတဲ့ နေတစ်လုံးလုံး ထိုးထည့်လိုက်သလိုပဲ….
လင်မယားနှစ်ယောက်လုံး ထောင်ကိုနှစ်အကန့်သက်မရှိကျတယ်…
အတွင်းထောင်ဝင်စာ သွားတွေ့ရင် အားနာလွန်းလို့ သူ့မိန်းမမျက်နှာကိုစေ့စေ့ကြည့်မရဲဘူးတဲ့….
သူပါဆယ်လာရင် ငါတို့ကိုမုန့်ခေါ်ကျွေးတယ်..
သူက ခြင်းခတ်ကောင်းတယ်…
လွန်ခဲ့တဲ့ရက်က သူနေမကောင်းဘူးလို့သတင်းကြားတယ် အခုတော့သက်သာသွားပြီတဲ့….
ခုထိလည်းမလွတ်သေးဘူး ထောင်ထဲမှာ သူနဲ့အနေနီးခဲ့တဲ့ သူတွေအဲ့အကြောင်းသိတယ် နာမည်တော့မပြောတော့ပါဘူး..
သူပါဆယ်လာရင်အကိုကြီးအကိုကြီးနဲ့မုန့်သွားသွားတောင်းစားတတ်တဲ့
ဘောင်ချာရိုက် ပေကလပ် ပေကလပ်လေးတွေရှိခဲ့တယ်….
စစ်တပ်ကိုစောက်ရမ်းမုန်းပါတယ်ဆိုတဲ့ ဘောင်ချာရိုက် ပေကလပ် ပေကလပ်လေးတွေပေါ့ဗျာ….
ပြောချင်တာက စစ်တပ်လုံခြုံရေးပေးတဲ့ မန်းလေးက ဘစိုင်းပွဲမှာဇွတ်ပျော်ပြနေတဲ့ ပုံကို တကူးတကပို့လာတဲ့ ဘောင်ချာရိုက် ပေကလပ် ပေကလပ်လေးတစ်သိုက်ကိုပါ…
မင်းတို့ပြန် ထိသွားတဲ့အခါကျမှပဲ နာပေါ့ကွာ
မင်းတို့ပြန် ထိသွားတဲ့အခါကျမှပဲ နာပေါ့…..😊
Saw Chit Win Htun



Leave a Reply