📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ချင်းပြည်နယ်ထဲထိ ရခိုင်စာသင်နေလို့ ကန့်ကွက်ခံရ

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ကန့်ကွက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) မှ ရခိုင်ဘာသာစကားဖြင့် သင်ရိုးသင်ကြားမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း Global Khumi Organization (GKO) က ကန့်ကွက်ရှုံ့ချကြောင်း စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ULA/AA မှ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ယခုကဲ့သို့ ပညာရေးသင်ရိုးများကို စတင် ပြဋ္ဌာန်းလာခြင်း ဖြစ်သည်။

“လက်ရှိမှာ AA က ပလက်ဝမြို့နယ်အတွင်းက အခြေခံပညာရေးကျောင်းတွေမှာ ရခိုင်ဘာသာစကား သင်ရိုးညွှန်းတမ်တခုအနေနဲ့ ထည့်သွင်းတယ်။ ဒေသခံတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာမျိုးမရှိဘူး။ရခိုင်ဘာသာစကားနဲ့ အတင်းအကျပ် သင်ကြားစေနေတာ ဖြစ်ပါတယ်”ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများ၏ ဆန္ဒမပါဘဲ ရခိုင်ဘာသာစကားဖြင့် ပညာရေးသင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းသင်ကြားခြင်းသည် ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူမီးလူမျိုးများနှင့် အခြားတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး ယခုဆောင်ရွက်မှုသည် ဒေသတွင်း တိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း GKO က ထောက်ပြထားသည်။

“ကိုယ့်ဘာသာစကားကို ကာကွယ်ပိုင်ခွင့် ရှိသလို အခြားလူမျိုးစုတွေရဲ့ အချုပ်အခြာနဲ့ ကိုယ်ပိုင်လက္ခဏာကို အဓမ္မလွှမ်းမိုးဖို့ ကြိုးစားတာဟာ တန်းတူရေးကို တိုက်ရိုက်ဆန့်ကျင်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ဒါကြောင့် ပလက်ဝမြို့နယ်မှာ ရခိုင်စာ အတင်းအကျပ် သင်ခိုင်းနေတာကို ကျတော်တို့ လက်ခံနိုင်စရာ မရှိပါဘူး”ဟု GKO တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံပြည်သူ အများစု၏ ဆန္ဒမပါဘဲ မိမိတို့အလိုကျ အတင်းအကျပ် လုပ်ဆောင်မှုများသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အဆိုပါလုပ်ရပ်ကို GKO က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်