📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကျော်စိုးဦးပေါက်ကြားခဲ့သည့် ရခိုင်စစ်ဆင်ရေး

ကျော်စိုးဦးပေါက်ကြားခဲ့သည့် ရခိုင်စစ်ဆင်ရေး စစ်ဦးကျိုးပြီ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က ‘စစ်ဆင်ရေး ၄၉၂၆’ အမည်ဖြင့် စက်တင်ဘာ ၄ ရက်တွင် စတင်ခဲ့သည့် တန်ပြန်ထိုးစစ်မှာ စတင်ပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကြောင်းများ အထိနာကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသူ လော်ဘီ ကျော်စိုးဦးက စစ်ဆင်ရေးစတင်သည့် ရက်စွဲ၊ အသုံးပြုမည့် အင်အားနှင့် ချီတက်မည့် စစ်ကြောင်းလမ်းကြောင်း အသေးစိတ် စသည့် စစ်ရေးအရ လျှို့ဝှက်ထားရမည့် အချက်အလက်များကို လူမှုကွန်ရက်မှတဆင့် ပေါက်ကြားပြောဆိုခဲ့သေးသည်။

၎င်းက ‘စစ်ဆင်ရေး ၄၉၂၆’ စစ်ကြောင်းမှာ ဘိုးတော်ဘုရား (ပဒုံမင်း) လက်ထက် ရခိုင်ဒေသသို့ ထိုးစစ်ဆင်ခဲ့သည့် သမိုင်းဝင်လမ်းကြောင်းအတိုင်း အင်အားထောင်ချီ အလုံးအရင်းဖြင့် ချီတက်မည်ဟု ဖော်ပြခဲ့သည်။

စက်တင်ဘာလ (၄) ရက်တွင် စစ်တွေမြို့နယ်အစပ် ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်း (၃) ကြောင်း၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းမှ စနဲမြို့ဘက်သို့ (၁) ကြောင်းဖြင့် ကြည်း၊ ရေ၊ လေ အလွန်အကျွံ သုံး၍ တပြိုင်နက် ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ ကြားဖြတ်တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ အကျအဆုံး ရာချီရှိခဲ့ကာ စစ်ကြောင်းအများစု တပ်ပျက်ဆုတ်ခွာခဲ့ရကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။

စစ်တွေ-ပုဏ္ဏားကျွန်း အစပ် တိုက်ပွဲများတွင် ရွှေမင်းဂံနှင့် စပါးထားဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများ အနီးကပ် ပစ်ခတ်ခံရသဖြင့် အလောင်း ၃၀ ခန့်အပါအဝင် ရာနှင့်ချီ သေဆုံးကာ လယ်ကွင်းနှင့် ပုဇွန်ကန်များအတွင်း အလောင်းများ ပြန့်ကြဲကျန်ခဲ့သည်။ အမြင့်ကျွန်း (မင်းချောင်း) တံတားဘက်မှ ထိုးစစ်မှာလည်း အထိနာ၍ တံတားဘက်သို့ ပြန်ဆုတ်သွားခဲ့ရပြီး လက်ရှိတွင် ဝါဘိုကျွန်းအနီး၌သာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။

ပွဲဦးထွက် ထိုးစစ်များ စစ်ဦးကျိုးသွားပြီးနောက် စစ်ကောင်စီတပ်သည် စစ်တွေနှင့် ပုဏ္ဏားကျွန်းဝန်းကျင်သို့ တိုက်ခိုက်ရေးဒရုန်းများ၊ စစ်ရေယာဉ်များနှင့် လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၄) ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့အား AA က စိုးမိုးထားပြီး စစ်ကောင်စီတပ်က ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ဂွမြို့နယ်များနှင့် ရခိုင်ရိုးမ အရှေ့ဘက်ခြမ်း မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း အစပ်နယ်မြေများမှတဆင့် ရခိုင်သို့ ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်းလျက်ရှိသည်။

သတင်းဓါတ်ပုံ – ပုံအဟောင်းဖြစ်သည် (Credit)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်