📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လေးမျက်နှာရှိ ငဝန်တာတမံ ထပ်မံကျိုးပေါက်

လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာကို ထိန်းချုပ်နိုင်ပြီဟု စစ်တပ်က ကြေညာပြီးနောက် ၂၄ နာရီမပြည့်ခင်တွင် တာတမံ ထပ်မံကျိုးပေါက်ကာ ရေများပြန်တက်လာသဖြင့် မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူများ ညတွင်းချင်း အရေးပေါ်ပြောင်းရွှေ့ရ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတွင် ရေဝင်လမ်းကြောင်းကို ပိတ်ဆို့ထိန်းချုပ်နိုင်ပြီဟု အကြမ်းဖက် စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် (၂၄) နာရီပင် မပြည့်သေးသည့် အချိန်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ (၉ ရက်) ညပိုင်းက ရေဝင်အားများ ပြန်လည် ပြင်းထန်လာခဲ့ကာ တာတမံအတွင်း ကာရံထားသော (Steel Sheet Pile) များ ယိုင်လဲကျသွားသဖြင့် ရေများ တစ်ဖန် ပြန်လည် ဝင်ရောက်လာခဲ့ရာ လေးမျက်နှာမြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများ ညတွင်းချင်း အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ (၉ ရက်) ည (၁၀) နာရီ (၄၂) မိနစ် အချိန်ခန့်က လေးမျက်နှာတာအတွင်း ရေဝင်ရောက်မှု အလွန်အမင်း ပြင်းထန်လာခဲ့ခြင်းကြောင့် ဒေသခံများ အလွန်အမင်း စိုးရိမ်ထိတ်လန့်ခဲ့ကြရပြီး၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေအိမ်များသို့ မကြာသေးမီကမှ ပြန်လည် ဝင်ရောက်နေထိုင်ကြတော့မည့် ဒေသခံများကို အရေးပေါ် အမြန်ဆုံး ပြောင်းရွှေ့ကြရန် လိုက်လံ သတိပေးခဲ့ကြရခြင်း ဖြစ်သည်။

ဒေသခံ ကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင် တစ်ဦးက ငဝန်မြစ်ရေ၏ ပြင်းထန်သော ဝင်ရောက်အားကို မခံနိုင်တော့ဘဲ ရေကာတာ ကျိုးပေါက်ခဲ့သည့် နေရာတွင် ထည့်သွင်း ကာရံထားခဲ့ကြသော (Steel Sheet Pile) များ ယိုင်လဲသွားခဲ့ခြင်းကြောင့် ရေများ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့ဝင်က “ရေဝင်အားကို မခံနိုင်လို့ Sheet Pile တွေ ယိုင်ပြီး ရေဝင်လာတာပါ။
ကျိုးပေါက်သွားတဲ့ ပေအကျယ်က ပေ (၃၀) လောက်တော့ ရှိမယ်ထင်တယ်။ အဲဒါက ရေစီးအားက တအားပြင်းထန်တော့ ပြန်ဖာဖို့ မလွယ်ဘူးဖြစ်နေတယ်။ ကျိုးပေါက်တဲ့နေရာက ရေတွေ အလုံးအရင်းနဲ့ ဝင်နေတယ်” ဟု ပြောကြားခဲ့သည်။

ရေစီးအားမှာ အလွန်တရာ ပြင်းထန်နေခြင်းကြောင့် (Steel Sheet Pile) များ ယိုင်လာခဲ့ကြရုံသာမက အနီးအနားတွင် ရှိနေကြသည့် သင်္ဘောများကိုပါ အရေးပေါ် ရွှေ့ပြောင်းနေကြရပြီး လေးမျက်နှာ မြို့တွင်း၌လည်း အရေးပေါ် သတိပေးချက်များကို အဆက်မပြတ် လိုက်လံ ကြေညာလျက် ရှိနေကြကြောင်း ကယ်ဆယ်ရေးနှင့် မီးသတ် တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့အပြင် မကြာသေးမီ ရက်ပိုင်းကမှ ရေဘေးဒဏ်ကြောင့် အခြားသို့ ပြောင်းရွှေ့ခဲ့ကြရပြီးမှ မိမိတို့၏ နေအိမ်များဆီသို့ (၃) ရက်ခန့်သာ ရှိသေးချိန်တွင် ယခုကဲ့သို့ ထပ်မံ၍ ညတွင်းချင်း အရေးပေါ် ပြောင်းရွှေ့ကြရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
လက်ရှိအချိန်အထိ ရေဝင်လမ်းကြောင်းကို ပြန်လည် ပိတ်ဆို့ ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ် လုပ်ငန်းများကို အသည်းအသန် လုပ်ဆောင်နေကြသော်လည်း ယနေ့ စက်တင်ဘာလ (၁၀ ရက်) နာရီ (၅) နာရီ (၁၅) မိနစ် အချိန်ခန့်အထိ အိုင်သပြု လမ်းဆုံဘက်ဆီသို့ ရေဝင်ရောက်မှုများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အိုင်သပြုဘက် ဒေသများတွင်ပါ ရေများ ပြန်လည် မြင့်တက်လာနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောပြသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်တာ၏ တာတမံ နိမ့်ကျမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ လယ်ပိုင်းကတည်းက ငဝန်မြစ်ရေ မြင့်တက်လာခဲ့ပြီး တာတမံ ကျိုးပေါက်မှုများ စတင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ (၃၀ ရက်) ညပိုင်းက တာတမံ အရေးပေါ် ကျိုးပေါက်သွားခဲ့ပြီးနောက် ဩဂုတ်လ (၄ ရက်) ရက်နေ့မှစတင်ကာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးနှင့် တာတမံ ကာကွယ်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

(Steel Sheet Pile) များ ရိုက်သွင်း ကာရံခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ (၈ ရက်) တွင် အဆိုပါ လုပ်ငန်းများ ပြီးစီးပြီဖြစ်ကာ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီဟု အကြမ်းဖက် စစ်တပ်ဘက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အတွင်းဘက်နှင့် အပြင်ဘက် ရေမျက်နှာပြင် အမြင့် ကွာခြားလာမှုကြောင့် ဖြစ်ပေါ်လာမည့် ပြင်ပရေတွန်းအားကို ခံနိုင်ရည် ရှိစေရန်အတွက် ဂျမ်ဘိုအိတ် (Jumbo Bag) သဲအိတ်များ ထပ်မံချခြင်း၊ သဲအိတ်များဖြင့် ကာရံခြင်း၊ သောင်တူး ရေယာဉ်များဖြင့် သဲမှုတ်ထည့်ခြင်းနှင့် သံမဏိ ဒေါက်တိုင်များဖြင့် ကျားကန်ခြင်း စသည့် အရေးပါသော လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန် ရှိနေသေးဆဲ ဖြစ်ကြောင်း သိရသည်။

ငဝန် ရေကာတာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် (၁၉/၁) မှ (၃၉/၀) အထိ မိုင် (၂၀) ခန့် ရှည်လျားပြီး မြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတို့ကို ရေဘေးမှ ကာကွယ်ပေးထားသည့် အဓိက တာတမံ တစ်ခု ဖြစ်သည်။

ယနေ့ စက်တင်ဘာလ (၁၀ ရက်) နာရီပိုင်း အချိန်က လေးမျက်နှာမြို့အတွင်းရှိ တရားရုံးရှေ့ ရေမျက်နှာပြင်သည် စက်တင်ဘာလ (၉ ရက်) ကထက် သိသိသာသာ မြင့်တက်လာခဲ့ကာ တစ်ပေကျော်ခန့်အထိ တိုးလာနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

နောင်လာမည့် (၂) ရက်မှ (၃) ရက်အတွင်း မြစ်ရေ အတက်အကျ အခြေအနေနှင့် အထက်ပိုင်းမှ ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာမှု အခြေအနေများအပေါ် မူတည်၍ တာကျိုးပေါက်မှုကြောင့် ငဝန်မြစ်ရေမှာ နောက်ထပ် (၁) ပေမှ (၁.၅) ပေခန့်အထိ ထပ်မံ မြင့်တက်လာနိုင်ချေ ရှိနေကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် လေးမျက်နှာမြို့နှင့် အနီးအနား ပတ်ဝန်းကျင် ကျေးရွာများတွင် ရေများ ပြန်လည် မြင့်တက်လာမှုကြောင့် ဒေသခံ ပြည်သူများ အရေးပေါ် ပြောင်းရွှေ့နေကြရပြီး၊ ငဝန်တာ၏ ရေဝင်လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိနေကြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်