📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သိုင်းကျွမ်းတဲ့ ကျောင်းထိုင် ဘုန်းကြီးတစ်ပါး ဖမ်းဆီးခံရ

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးဗျူရို (CIB) မှ အယုဒ္ဓယ ခရိုင်အတွင်းရှိ Wat Phutthaisawan ဘုန်းကြီးကျောင်းအတွင်း ထိုကျောင်းထိုင်ဆရာတော်အား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စုံစမ်းမှုများအရ ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ဘုန်းကြီးကျောင်း၏ အမည်အားအသုံးပြု၍ အလှူငွေပြေစာ အစောင် ၂၀ အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ထိုအလှူငွေပြေစာ ၂၀ မှ ဘတ် ၉၂ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ ငွေများအား ကျောင်းထိုင်ဆရာတော်ဖြစ်သူနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးထံသို့ လွှဲပြောင်းထားကြောင်း၊ ထိုအမျိုးသမီးမှ အခြားသူများ၏အမည်ဖြင့် ပိုင်ဆိုင်မှုများပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းတို့ပြုလုပ်ရန် ကူညီခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိုအမျိုးသမီးကိုလည်း ဖမ်းဆီးခဲ့ပြီး ထပ်မံစစ်ဆေးခဲ့ရာ ၎င်း၏ ဘဏ်အကောင့်တွင် နှစ်စဉ် ဘဏ်သန်းပေါင်း သောင်းနှင့်ချီသော ငွေများအဝင်အထွက်ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ငွေကြေးစီးဆင်းမှုလမ်းကြောင်းများနှင့် အခြားပိုင်ဆိုင်မှုများကိုပါပါ ဆက်လက်စစ်ဆေးလျက်ရှိသည်။

ထို့အပြင် ဘုန်းကြီးကျောင်း၏ CCTV များမှတဆင့် အဆိုပါ သက်တော် ၆၆ နှစ်ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူသည် ၎င်းအမျိုးသမီးနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများပါရှိခဲ့ကြောင်း သိရသည်။

၎င်း ကျောင်းထိုင်ဆရာတော်သည် “Nuea Duang” (ကံကြမ္မာထက်မြင့်သော) ဂျတုခမ် (Jatukam) အဆောင်လက်ဖွဲ့များကြောင့်လည်း ထိုင်းပြည်သူများအကြားတွင် နာမည်ကြီးသော ဆရာတော်တစ်ပါးဖြစ်ကြောင်း ဖော်ပြထားသည်။

သိုင်းကျွမ်းသည့် အယုဒ္ဓယမှ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးကို ကျောင်းတိုက် ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီး

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ ဘုရင့်နန်းသုံး ဝပ်ဖူထိုင်းဆဝမ် (Wat Phutthaisawan) ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် သက်တော် ၆၆ နှစ်အရွယ် ဖရာဝချိရယန်ဝိ (လွမ်ဖော် အတိချော့ သမ္မဝရော) သည် ကျောင်းတိုက် ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် အလွဲသုံးစားပြုလုပ်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က သတင်းထုတ်ပြန်သည်။

အဆိုပါ သံဃာတော်ကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တိုင်းဒေသ ၁ အဂတိလိုက်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် ကျောင်းတိုက်အတွင်းရှိ သီတင်းသုံးရာ အခန်း၌ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဝန်ထမ်းအဖြစ် အလွဲသုံးစားမှု၊ တာဝန်ဝတ္တရား မမှန်မကန် ဆောင်ရွက်မှု၊ ငွေကြေးခဝါချမှုတွင် ပူးပေါင်းပါဝင်မှုနှင့် ငွေကြေးခဝါချမှု စသည့် စွပ်စွဲချက်များဖြင့် အရေးယူထားသည်။

စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ နှစ်နှစ်ကျော်ကာလအတွင်း ကျောင်းတိုက်အမည်ဖြင့် လှူဒါန်းလွှာ ပြေစာပေါင်း ၂၀ ကျော်ကို မမှန်မကန် ထုတ်ပေးခဲ့သဖြင့် ဘတ် ၉၂ သန်းကျော် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ယင်းငွေကြေးများ၏ အစိတ်အပိုင်းအချို့ကို ဆရာတော်နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးခဲ့ပြီး အဆိုပါ အမျိုးသမီးက အခြားသူများ၏ အမည်ဖြင့် ပိုင်ဆိုင်မှုများကို ပြောင်းလဲခြင်းနှင့် လျှို့ဝှက်ထားခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

အဆိုပါ အမျိုးသမီးကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၎င်း၏ ဘဏ်အကောင့်များအတွင်း နှစ်စဉ် ဘတ်သန်းပေါင်းများစွာ ဝင်ထွက်သွားလာနေသည်ကို တွေ့ရှိရသဖြင့် အာဏာပိုင်များက ယင်းငွေကြေးစီးဆင်းမှုနှင့် ဆက်စပ်ပိုင်ဆိုင်မှုများကို ဆက်လက်စုံစမ်းနေသည်။ ထို့ပြင် ကျောင်းထိုင်ဆရာတော်၏ သီတင်းသုံးရာ အခန်းအတွင်း အဆိုပါ အမျိုးသမီးနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုများ ပြုလုပ်နေသည့် CCTV မှတ်တမ်းများကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့သည်။

လွမ်ဖော် အတိချော့သည် “နူအာဒွမ်” ဂျာတူခမ်း (Nuea Duang Jatukam) အဆောင်လက်ဖွဲ့များကြောင့် လူသိများသူတစ်ပါးဖြစ်ရာ ယခုဖြစ်စဉ်ကြောင့် ပြည်သူများအကြား ပိုမိုစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး အာဏာပိုင်များက အထောက်အထားများ ဆက်လက်စုဆောင်းလျက် ရှိသည်။

(နိုင်ငံတကာ သတင်းများကို ကိုးကားရေးသားပါသည်)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်