ပလတ်စတစ်ဘူးတွေနဲ့ ဖန်တီးထားတဲ့ ရေပေါ်ဖောင်ပေါ်က ၆ နှစ်အရွယ် ကွန်တီယာလေးရဲ့ ပညာသင်ယူလိုစိတ်
ကျောင်းသွားဖို့ဆိုတာ တချို့ကလေးတွေအတွက် မနက်အိပ်ရာထ၊ ကျောင်းဝတ်စုံဝတ်ပြီး မိဘရဲ့လက်ကိုကိုင်ကာ လွယ်လွယ်ကူကူ သွားရတဲ့အရာတစ်ခုပါ။
ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံ၊ စီယမ်ရိပ်ပြည်နယ်၊ ပူအော့ခ်ခရိုင်၊ ကီအို ပိုအာ ရပ်ကွက်၊ ပီအမ် တာ အော် ရွာက အသက် ၆ နှစ်အရွယ် Chhong Kunthea (ချောင်း ကွန်တီယာ) အတွက်တော့ ကျောင်းသွားဖို့ဆိုတာ ရိုးရှင်းတဲ့ ခရီးတစ်ခု မဟုတ်ခဲ့ပါဘူး။
သူမဟာ ရေပေါ်မှာ အိမ်လေးတွေ ဆောက်ကာ အခြေချ နေထိုင် ကြ တဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ပြီး မက်ချရေး မူလတန်းကျောင်း မှာ Grade 1 တက်နေခဲ့တာပါ။
ကျောင်းကလည်း ရေပေါ်မှာတည်ဆောက်ထားတဲ့ ကျောင်းဖြစ်တာကြောင့် နေ့စဉ်ကျောင်းသွားဖို့ ရေပြင်ကို ဖြတ်သန်းရပါတယ်။

ဒါပေမယ့် ကွန်တီယာရဲ့ အကြီးမားဆုံး အခက်အခဲကတော့ သူတို့မိသားစုက ဆင်းရဲလွန်းလို့ လှေတစ်စင်းတောင် မရှိခဲ့ကြတာ။
ဒါကြောင့် မိသားစုက ရှိသမျှပစ္စည်းတွေနဲ့ “ပလတ်စတစ်ဘူးတွေနဲ့ ဖန်တီးထားတဲ့ ရေပေါ်ဖောင်” ပြုလုပ်ထားတဲ့ ဖောင်ငယ်လေးကို အသုံးပြုပြီး ရေပြင်ကို ကိုယ်တိုင်လှော်ခတ်ကာ ကျောင်းတက်ခဲ့တာပါ။
ရေပြင်ကျယ်ကြီး၊ လှိုင်းနဲ့ လေဒဏ်တွေကြားမှာ ဒီလိုဖောင်ငယ်လေးနဲ့ သွားရတာဟာ ၆ နှစ်အရွယ် ကလေးတစ်ယောက်အတွက် မလွယ်ကူတဲ့ အပြင်း တကယ်ကို အန္တ-//ရာယ်များလှတဲ့ ခရီးပါ။
ဒါပေမယ့် ကွန်တီယာလေးဟာ “ကျောင်းတက်ချင်တယ်” ဆိုတဲ့ စိတ်ဆန္ဒကိုတော့ ဘယ်တော့မှ လက်မလျော့ခဲ့ပါဘူး။
ဖခင် ဖြစ်သူ အွီ ကင်မ် ကလည်း သမီးဖြစ်သူ ပညာဆက်လက်သင်ယူချင်တဲ့စိတ်ကြောင့် သူမကို ပညာသင်ခွင့်ရအောင် အားပေးခဲ့ပါတယ်။
မိသားစုမှာ ကလေး ၆ ယောက်ရှိပြီး ကွန်တီယာလေး ကတော့ စတုတ္ထမြောက်ကလေးမလေးလေးပါ။
ဒီဖြစ်ရပ်ကို ကြည့်ရင် တကယ်ပဲ ရင်ထဲ ထိခိုက်ကြေကွဲစရာပါ။

အသက် ၆ နှစ်အရွယ် ကလေးမလေးတစ်ယောက်က ရေပြင်ကြီးကို ဖြတ်ကျော်ရမယ်၊ လှေမရှိလို့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဖောင်ငယ်လေးနဲ့ သွားရမယ်ဆိုတဲ့ အခက်အခဲတွေကြားကနေတောင် ပညာသင်ဖို့ မလျှော့တဲ့စိတ်ရှိနေပါတယ်။
ဒါဆို ပညာသင်ဖို့အတွက် အခက်အခဲ ကြီးကြီးမားမား မရှိဘဲ မိဘရင်ခွင်ထဲမှာ နေပြီး ကျောင်းတက်ခွင့်ရနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ ပညာရေးအခွင့်အရေးကို တန်ဖိုးထားပြီး ပိုပြီးကြိုးစားသင့်ပါတယ်။
ကျောင်းတက်ဖို့ အရာအားလုံးပြည့်စုံနေခဲ့တာတောင် မသွားချင်တဲ့ကလေးနဲ့
လှေ မရှိလို့တောင် ဖောင် ကို ကိုယ်တိုင်ဖန်တီးပြီး ကျောင်းတက်ချင်နေတဲ့ ကလေးတစ်ယောက်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် — ပညာကို ဘယ်လောက်တန်ဖိုးထားသင့်လဲဆိုတာ သိသာပါတယ်။
ကွန်တီယာ လေးရဲ့ ဖောင်ငယ်လေးပေါ်က ခရီးဟာ ရေပြင်ကို ဖြတ်သန်းတဲ့ ခရီးတစ်ခုတည်းမဟုတ်ဘဲ၊ ပညာသင်ယူချင်တဲ့ စိတ်ဓာတ်ကို ပြသနေတဲ့ ပုံရိပ်တစ်ခုလို့ ပြောရမယ်ထင်ပါတယ်။
အခက်အခဲတွေ ဘယ်လောက်ရှိရှိ ပညာကို မဖြစ်ဖြစ်အောင် သင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်လေး မပျောက်ပါစေနဲ့ ကွန်တီယာရေ။ ❤️
Ref — The Phnom Penh Post (Kim Sarom), The Nation Thailand, ASEAN Digest



Leave a Reply