PDF စိုးမိုးနယ်မြေ မြင်းမူမြို့နယ်သို့ သွားရောက်ထောက်ပံ့သည်ဟု စွပ်စွဲခံရမှုအပေါ် ပရဟိတ ကိုထွန်းမင်း ပြန်လည်ဖြေရှင်း🙏🏻
စစ်ကိုင်းတိုင်းအတွင်း ရေဘေးကူညီရေး သွားရောက်စဉ် PDF စိုးမိုးနယ်မြေတစ်ခုဖြစ်သည့် မြင်းမူမြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဘုရားတည်ရန်အတွက် ငွေသား စုစုပေါင်း သိန်း (၁၁၀) လှူဒါန်းခဲ့သည့် ဗီဒီယိုဖိုင် ပျံ့နှံ့လာခဲ့တာပါ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ထောက်ခံသူများက PDF စိုးမိုးနယ်မြေအတွင်း လှူဒါန်းမှုကို လက်မခံနိုင်ကြောင်းနှင့် ကိုထွန်းမင်းကို စစ်ဆေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် လှုံ့ဆော်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။
ထိုသို့ ဝေဖန်မှုများအပေါ် ပရဟိတ ကိုထွန်းမင်းက အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ်-
စစ်ကိုင်းဘက်သို့ သွားရောက်နေစဉ်အတွင်း အကူအညီလိုအပ်ကြောင်း ရွာများက ဆက်သွယ်လာခဲ့ကြပြီး၊ တကယ်သွားရောက် ကြည့်ရှုသည့်အခါမှာလည်း စိတ်မကောင်းစရာ အခြေအနေများနှင့် တကယ်တမ်း အကူအညီ လိုအပ်နေသည်ကို တွေ့ရှိရ ၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊
လှူဒါန်းခဲ့သည့် မြင်းမူမြို့နယ်ရှိ ရွာမှာလည်း စစ်ကျွန်းတိုင်းနှင့် မြစ်ကလေးသာ ခြားပြီး သွားလာရ လွယ်ကူသဖြင့် လှူဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒုက္ခရောက်နေသူများကို ကူညီချင်စိတ်တစ်ခုတည်းသာ ရှိပြီး အခြားဘာစိတ်မှ မရှိကြောင်း ဖြေရှင်းခဲ့ပါတယ်။
ရေမရှိတော့ဘဲ လှူဒါန်းသည်ဆိုသော ဝေဖန်မှုအပေါ် တုံ့ပြန်ချက်
တပ်မတော်ထောက်ခံသူများဘက်မှ “ရေဘေးအလှူဟုဆိုသော်လည်း ပုံများတွင် ရေမရှိတော့ကြောင်း” ဝေဖန်မှုများနှင့် ပတ်သက်၍ လက်ရှိတွင် ပြန်လည်ထူထောင်ရေးကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် ရေကျသွားပြီဖြစ်ကြောင်း၊
သို့သော် တကယ်တမ်း အကူအညီ လိုအပ်နေသည်များ များပြားနေသေးသည့်အတွက် ငွေသားဖြင့် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။



Leave a Reply