📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေးဘီလူးတို့ မွင်းခါး ၇ ပွဲ ချက်ကျွေးပြန်ပြီ

—

by

in

ရေးမြို့နယ်ရှိ ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော စစ်သားများကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆာင်က ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်စွန်းရွာထိပ်တွင် အစစ်အဆေးပြုလုပ်ပြီးနောက် ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားသည့် နေရာကို ထပ်မံ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရေဘီးလူးအဖွဲ့က ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ ထိနာပြီး ဝါးကျောင်းအာရုတောင်ဘက်ကို တပ်ပြန်ဆုတ်သွားပြီး ညနေပိုင်းတွင် ရေးဘီးလူး အဖွဲ့က ဝါးကျောင်းအာရုတောင်ထိ သွားရောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၉ နာရီ ဝန်းကျင်လောက်ရှိမယ်။ သူတို့က ခမရ ၃၄၃ တပ်ရင်းကနေ အယောက် ၆၀ နီးပါးလောက် လက်နက်ကြီး၊ လက်နက်ငယ်တွေရော သူတို့က တောင်စွန်းရွာထိပ်မှာ အစစ်အဆေး နည်းနည်းပါးပါးပြုလုပ်ပြီးတော့ ကျွန်တော်တို့ ပိတ်ထားတဲ့ နယ်မြေထဲ သူတို့ နည်းနည်းလေး ကျော်ဝင်လာခဲ့တယ်။ ဒေသခံတွေ ပြောပြချက်အရ ကျွန်တော်တို့တွေကလည်း ပြန်ပြီးလိုက်တိုက်တာ ပြန်လိုက်တိုက်တော့ သူတို့တွေက တပ်ပြန်ဆုတ်သွားတယ်။ ညနေ ၅ နာရီဝန်းကျင်လောက်မှာ သူတို့ ပထမဆုံးရောက်တဲ့ အစစ်အဆေး လုပ်တဲ့ နေရာကနေ ပြန်လိုက်ပိတ်ပြီး တိုက်ခိုက်တဲ့ အခါကျတော့ ဝါးကျောင်းဘုန်းကြီးကျောင်းကို တပ်အကုန်ပြန်ဆုတ်သွားတဲ့အချိန် ကျွန်တော်တို့ အောက်ဘက်ကနေ နေရာရတဲ့အချိန် ပစ်တာ သူတို့ဘက်ခြမ်း အပြုံလိုက်လဲတယ်။ သူတို့ဘက်ခြမ်းက ကျဆုံးမှုတာက ၇ ဦးကတော့ သေချာတယ်။ ဒဏ်ရာရတာတော့ ၁၅ ဦး အထက်ရှိတယ် မှောက်နေတာ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပြသည်။

တိုက်ပွဲ ဖြစ်ပွားပြီး‌နောက် အကြမ်းဖက်စစ်သားများသည် စစ်သားမသာ အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ဆွဲထုတ်၍ ရေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ရေးဘီလူးအဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်