📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လှရွှေတို့ အုပ်လိုက် ကုန်းဆင်း ဆွဲစားခံနေရတဲ့ ရန်ကုန်က လိ/-လုပ်သားများ

တာမွေရဲစခန်းမှူး စန်းဝင်းအောင် ကန်တော်ကြီးပတ်လမ်းရှိ လိင်ဝန်ဆောင်မှုပေးသူများအား လိင်အမြတ်ထုတ်နေ

ရန်ကုန်၊ တာမွေမြို့နယ် စခန်း ၄၀ မှ ရဲမှူး စန်းဝင်းအောင်သည် ကန်တော်ကြီးပတ်လမ်းတစ်လျှောက်ရှိ လိင်ဝန်ဆောင်မှုပေးသူများအား အချုပ်ထဲထည့်မည်ဟု ဥပဒေဖြင့် ခြိမ်းခြောက်ကာ ရဲအာဏာကို အလွဲသုံးစားပြု၍ အခမဲ့ မတော်မတရား ပြုကျင့်နေ

နယ်ထိန်းရဲများကို နေ့စဉ် လိုက်လံ အရှာခိုင်းပြီး ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ရဲစခန်းမှူး ကိုယ်တိုင် အောက်တန်းကျစွာ ခေါင်းပုံဖြတ် ဖိနှိပ်နေကြောင်း စခန်းတွင်း သတင်းရင်းမြစ်များထံမှ သိရ

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တာမွေမြို့နယ်၊ စခန်း ၄၀ ရဲစခန်းမှူး ရဲမှူး စန်းဝင်းအောင်သည် ကန်တော်ကြီးပတ်လမ်းတစ်လျှောက်ရှိ လိင်ဝန်ဆောင်မှုပေးသူ အမျိုးသမီးများအား အာဏာနှင့် ဥပဒေကို အလွဲသုံးစားပြု၍ နေ့စဉ်ရက်ဆက် ဆိုသလို အခမဲ့ အနိုင်ကျင့် မတော်မတရားပြု လုပ်ဆောင်နေကြောင်း စခန်းတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တာမွေရဲစခန်းမှူး စန်းဝင်းအောင်သည် နယ်ထိန်းရဲများကို နေ့စဉ် ကန်တော်ကြီးပတ်လမ်းသို့ အရှာထွက်ခိုင်းပြီးနောက် တွေ့ရှိသည့် လိင်ဝန်ဆောင်မှုပေးသူများကို ပုဒ်မတပ် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ အခမဲ့ရယူ အနိုင်ကျင့်နေခြင်းဖြစ်သည်။

စခန်းတွင်း သတင်းရင်းမြစ်တစ်ဦးက “ခွန်တစ်၊ ခွန်တစ်နဲ့ နေ့တိုင်း အလကားစားနေတာ” ဟု ရဲစခန်းမှူး၏ အောက်တန်းကျသည့် ရာဇဝတ်လုပ်ရပ်ကို ထုတ်ဖော် ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် လိင်ဝန်ဆောင်မှုပေးသူများအား ဖမ်းဆီးအရေးယူရာ၌ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို အဓိက အသုံးပြုနေဆဲဖြစ်သည်။

အဆိုပါ ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (၁) အရ ဖမ်းဆီးရမိသူများကို သတ်မှတ်ကာလအထိ အချုပ်အနှောင် သို့မဟုတ် ဂေဟာများသို့ ပို့ဆောင်ထိန်းသိမ်းပိုင်ခွင့်ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်များကို အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ခေါင်းပုံဖြတ်ရန်နှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အဓိက အသုံးချနေကြခြင်းဖြစ်သည်။

အသွင်ယူဖမ်းဆီးခြင်းနှင့် အဆိုပါ ပုဒ်မ ခွန် တစ်သည် ပြည့်တန်ဆာများကို ဖမ်းဆီးရန်ထက် ခြိမ်းခြောက်ရန်၊ အမြတ်ထုတ်ရန်အတွက် ရဲများက အမြဲအသုံးပြုနေသည့် နည်းလမ်းဖြစ်သည်။

၂၀၁၅ ခုနှစ်ဝန်းကျင်က အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လိင်ဝန်ဆောင်မှုပေးသူများအား ပြစ်ဒဏ်ခတ်ခြင်းထက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် ခေါင်းပုံဖြတ်သူများကိုသာ အရေးယူနိုင်ရေး ဥပဒေပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ခေတ်နောက်ပြန်ဆွဲ ဥပဒေများကို လက်နက်သဖွယ် အသုံးပြုကာ ပြည်သူများအား အာဏာပြ ခြိမ်းခြောက်၍ အောက်တန်းကျစွာ စီးပွားရှာ၊ အနိုင်ကျင့်လျက်ရှိသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်