တံတားဦးလေတပ်ကို FPV ဒရုန်းများဖြင့်တိုက်ခိုက်မှုတွင် စစ်သားအုပ်စုကို FPV ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာ (ရုပ်/သံ)
မန္တလေးတိုငး၊ တံတားဦးလေတပ်ကို FPV ဒရုန်းများဖြင့် ယမန်နေ့ တိုက်ခိုက်မှုတွင် လေတပ်မှ စစ်သားအုပ်စုကို FPV ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည့် ဗီဒီယိုမှာလည်း ယနေ့တွင် ထွက်ပေါ်လာသည်။
တော်လှန်ရေးတပ်က စေလွှတ်လိုက်သော FPV ဒရုန်းက တံတားဦးလေတပ်စခန်းရှိ တိုက်လေ ယာဉ်သိုလှောင်ရုံများကို ကျော်ကာ လေတပ်မှ စစ်သားများ စုဝေးနေသော နေရာသို့ တန်း တန်းမတ်မတ်သွားရောက်ကာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ကို ဗီဒီယိုတွင် မြင်တွေ့ရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း လက်ရှိအချိန်အထိ တော် လှန်ရေးတပ်များကသော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ယမန်နေ့ မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအတွင်း စစ်တပ်၏ တိုက်လေယာဉ် ၄ စီး FPV ဒရုန်းများဖြင့် တိုက် ခိုက်ခံရပြီးနောက် တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေ ကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည်။
ယမန်နေ့ တိုက်ခိုက်မှုကြောင့် တံတားဦးလေတပ်စခန်းအတွင်းမှ တိုက်လေယာဉ် ၄ စီး ထိမှန်ပျက်စီးခဲ့ကြောင်း တော် လှန်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် တိုက်လေယာဉ် ၄ စီးအနက် လေယာဉ် ၂ စီးမှာ ဗုံးထိမှန်ပြီးနောက် လုံးဝပေါက်ကွဲမီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျန်တိုက်လေယာဉ် ၂ စီးမှာလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအပြီး တံတားဦးလေတပ်စခန်းနှင့် ကပ်လျက်ရှိသည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားသည။
စစ်တပ်၏ မိတ်ဖက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI) က ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်း ထုတ်ပြန် ကြေညာချက်အရ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက် ရောက်ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ အားလုံးကို ရက်အကန့်အသတ်မရှိ ယာယီရပ် ဆိုင်းထားမည်ဖြစ်ပြီး နောက် ထပ်အသိပေးချက်မထုတ်ပြန်မချင်း ပျံသန်းမှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရှိရသည်။
သို့ရာတွင် ပြည်တွင်းလေကြောင်းခရီးစဉ်များကိုမူ တံတားဦးလေဆိပ်အစား ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ် မှတစ်ဆင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း MAI က ထုတ်ပြန်ပြောဆိုသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် တိုက်လေယာဉ် ၄ စီး ထိခိုက်ပျက်စီးခဲ့သော်လည်း စစ်တပ်ကမူ FPV ဒရုန်း ၆ စင်းဖြင့် တိုက်ခိုက်မှုကို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း၊ လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ယနေ့ ဗြောင်လိမ်သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများကို လေကြောင်းတိုက်ခိုက်၍ ဗုံးကျဲသတ်ဖြတ်နေသော အကြမ်း ဖက်စစ်တပ်က တံတားဦး လေတပ်မှ စစ်လေယာဉ်များ တိုက်ခိုက်ခံရမှုသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်း တုံ့ပြန်သတင်းထုတ်ပြန်ထားသည်။



Leave a Reply