📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သာသနာတော် သန့်ရှင်းရေးအတွက် မထေရ်မြတ်ကြီးများ လျစ်လျူမရှုသင့်တော့သည့် ကိစ္စ

သာသနာတော် သန့်ရှင်းရေးအတွက် မထေရ်မြတ်ကြီးများ လျစ်လျူမရှုသင့်တော့သည့် ကိစ္စ

​ယနေ့ခေတ် သာသနာ့ရိပ်မှာ ခိုလှုံပြီး ဓာတ်ဂိုဏ်း၊ နတ်ဂိုဏ်း၊ ဝိဇ္ဇာလောကဆိုသည့် အယူဝါဒများဖြင့် သာသနာနှင့် မလျှော်ကန်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြသည်မှာ ရင်လေးစရာကောင်းလှပါသည်။

​အမှန်တကယ်တော့ ဓာတ်ဂိုဏ်း၊ နတ်ဂိုဏ်းနှင့် အင်းဝိဇ္ဇာ ပညာရပ်များကို ယုံကြည်ကိုးကွယ်လိုပါက ဗုဒ္ဓဘာသာ သာသနာနှင့် သီးခြားခွဲထွက်၍ မိမိတို့ဘာသာ သီးသန့် ဝတ်စုံ၊ သီးသန့် အဝတ်အစားများ သတ်မှတ်ကာ လွတ်လပ်စွာ ကိုးကွယ် ကျင့်သုံးကြလျှင် မည်သူမျှ ကန့်ကွက်စရာ အကြောင်းမရှိပါ။

ယခုမူ သာသနာ့အလံအောက်၊ သံဃာ့အဝတ်အစားအောက်တွင် ခိုလှုံကာ ဘာမှန်းမသိသော အယူဝါဒများကို သာသနာ့ပုံစံဖုံးပြီး လူအများအား ထိုင်ကန်တော့စေခြင်း၊ အရိုအသေပေးစေခြင်းများ ပြုလုပ်နေကြသည်မှာ လုံးဝ မဖြစ်သင့်သည့် ကိစ္စဖြစ်ပါသည်။

​သာသနာရေးနှင့် သံဃာ့အဖွဲ့အစည်းမှ တာဝန်ရှိ မထေရ်မြတ်ကြီးများအနေဖြင့် သံဃာတော်များ ကား၊ ဆိုင်ကယ် မောင်းနှင်လျှင် သမဏသာရုပ္ပ မဖြစ်ဟုဆိုကာ နာမည်မျိုးစုံဖြင့် ထုတ်ပြန်ချက်များ၊ တားမြစ်ချက်များ စာရွက်ပေါ်တွင် ဆက်တိုက် ထုတ်ပြန်နေကြသော်လည်း၊ ယခုကဲ့သို့ သာသနာတော်ကို အဓိပ္ပာယ်မဲ့ အခြေယိုင်စေသည့် အယူလွဲလုပ်ရပ်များကိုမူ မသိကျိုးကျွံ ပြုနေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။

​တံတားဦးဘက်တွင် ဝိဇ္ဇာကြီး၊ ထွက်ရပ်ပေါက်ကြီးဟု နာမည်ကြီးသည့် ဘုန်းကြီးတစ်ပါးဆိုလျှင် ကျောင်းတိုက်အတွင်း ရုပ်တုမျိုးစုံ၊ နတ်မျိုးစုံဖြင့် အရုပ်ဆိုင်ထက်ပင် စုံလင်နေအောင် ကိုးကွယ်ထားသည်။

ဟောပြောဟောကိန်းများ မှန်သည်ဆိုကာ ဒေဝါလီစား အာဏာပိုင်များ၊ သူဌေးသူကြွယ်များပင် တအုန်းအုန်း ကိုးကွယ်နေကြသည်။

သို့သော် အမှန်တကယ်မှာ ပရလောကသား (အကောင်) များကို အမဲသားများဖြင့် အိုးကြီးအိုးငယ် ချက်ပြုတ်ကာ တစ်ပတ်တစ်ခါ သိုက်ကျွေး၍ မေးမြန်းဟောပြောနေခြင်းသာ ဖြစ်သည်။

ထိုပရလောကသားများ၏ ရန်မှ လွတ်စေရန် သံဗုဒ္ဓေဂါထာတော်ကို အသံမစဲ ရွတ်ဆိုကာ အကာအကွယ်ယူထားသည်ဟု သိရသည်။

​ဂါထာတော်၏ တန်ခိုးကို ပရလောကသား မွေးရန်အတွက် အကာအကွယ်အဖြစ် အသုံးချပြီး၊ အခြားတစ်ဖက်တွင်မူ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာနှင့် မသက်ဆိုင်သည့် အယူလွဲများဖြင့် လူအများကို လှည့်ဖြားနေကြသည်။

​ဤကဲ့သို့ သာသနာ့ဘောင်အတွင်းမှနေ၍ စိတ်ကြိုက် အယူလွှဲ လုပ်ဆောင်နေမှုများကို သာသနာ့တာဝန်ရှိသူများက မသိကျိုးကျွံပြု၊ မျက်ကွယ်ပြုထားမည်ဆိုပါက ရေရှည်တွင် ဗုဒ္ဓသာသနာ၏ အနှစ်သာရများ ပျောက်ကွယ်ပြီး မည်မျှအထိ မှေးမှိန်သွားမည်ဆိုသည်ကို အထူးပြောနေစရာ လိုမည်မထင်ပါ။

သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ သတိပေးခြင်း၊ အရေးယူ အပြစ်ပေးခြင်းများကို ပြတ်ပြတ်သားသား လုပ်ဆောင်ရန် အချိန်တန်နေပြီ ဖြစ်ပါကြောင်း။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်