📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

AA လက်မှာ ပြုတ်²ပြုန်းခဲ့ရတဲ့ ၄၉၂၆ စစ်ဆင်ရေး

စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့တို့သို့ စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင် ထိုးစစ်ဆင်သော်လည်း တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများ အပါအဝင် သေဆုံးထိခိုက်သူ ၁၀၀ ကျော်ဖြင့် အထိနာ

ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အင်အားထောင်ချီပါသော စစ်တပ်၏ ထိုးစစ်များမှာလည်း တပ်ရင်းမှူးများ အပါအဝင် စစ်သားအလောင်းများစွာဖြင့် အဆုံး သတ်

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အား ၁,၀၀၀ ဝန်း ကျင်ကို စစ်ကြောင်း ၅ ကြောင်းခွဲ၍ ထိုးစစ်ဆင်နေသော်လည်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများအပါအဝင် သေဆုံးထိခိုက်သူ ၁၀၀ ကျော်ရှိလာကြောင်း အာရက္ခတပ်တော် (AA) စစ်ရုံးချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

စက်တင်ဘာ ၄ ရက်နေ့ နံနက် ၆ နာရီခန့်မှစတင်၍ စစ်တပ်က စစ်တွေမြို့နယ် မင်းချောင်းတံတားနှင့် ကွမ်းတောင်ကျေးရွာအနီး၊ ဝါဘိုကျေးရွာ၊ မင်းလှနှင့် မြစ်နားကျေးရွာပတ်ဝန်းကျင်တို့ကို စတင်ထိုး စစ်ဆင်လာကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင်ပင် ပုဏ္ဏားကျွန်းမြို့နယ် ရဲယိုးပြင်နှင့် ခမောင်းတောကျေးရွာအကြား၊ အောင်ဇေယျနှင့် အောင်မြေကုန်းကျေးရွာအကြားတို့ကိုလည်း စစ်တပ်က အသီးသီး ထိုးစစ်ဆင်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုးစစ်အတွက် စစ်ကောင်စီတပ်က စစ်ကြောင်း ၅ ကြောင်းခွဲ၍ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၇၀ မှ ၂၀၀ ခန့်အထိ အသုံးပြုထားသဖြင့် စုစုပေါင်းအင်အား ၁,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့တို့ကို စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် ရေတပ်ပစ်ကူ၊ လေ ကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီးနှင့် ဒရုန်းများကိုပါ အသုံးပြုကာ ထိုးစစ်ဆင်နေပြီး အဆိုပါ စစ်ဆင်ရေးအတွက် ၁ နှစ်ခွဲခန့် ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ထိုးစစ်သည် စက်တင်ဘာ ၄ ရက်မှ ၇ ရက်အထိ စစ်တွေမြို့နယ် ဝါဘိုကျေးရွာဘက်တွင် စစ်ကြောင်းငယ် ၃ ကြောင်းနှင့် ကွမ်းတောင်ကျေးရွာဘက်တွင် စစ်ကြောင်းငယ် ၄ ကြောင်းခွဲ၍ ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်အကြား တစ်ရက်လုံးနီးပါး ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကြောင်း၊ ထို့အပြင် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း AA ဘက်က ခုခံစစ်မှ တန်ပြန် ထိုးစစ်အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း AA စစ်ရုံးချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် အခြားစစ် ကြောင်းမှူးများလည်း သေဆုံးခဲ့ပြီး မင်းချောင်းတံတားမှ ကွမ်းတောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်နေသည့် စစ်ကြောင်းတွင်လည်း စစ်ကြောင်းမှူး ၁ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်ဘက်မှ သေဆုံးသည့် စစ်သားများ၏ ရုပ်အလောင်းများကို စစ်တွေမြို့ အာကျိတ်တော်ကုန်းသုသာန်သို့ သယ်ယူကာ နေ့ညမပြတ် သင်္ဂြိုဟ်နေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း AA ဘက်က ရရှိထားသည့် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအရ ထိုးစစ်ဆင်နေသည့် စစ်တပ်တွင် တပ်မ ၁၀၁ လက်အောက်ခံ ပခုက္ကူအခြေစိုက် ခလရ ၂၅၉ နှင့် တပ်မ ၂၂ လက်အောက်ခံ ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၁ ရက်အထိ စစ်တွေ-ပုဏ္ဏားကျွန်းဒေသတွင် စစ်ကောင်စီတပ်၏ ထိုးစစ်များ ဆက်လက်ရှိနေသော်လည်း AA ၏ ခုခံစစ်နှင့်အတူ တန်ပြန်ထိုးစစ်များ ပြုလုပ်နိုင်နေပြီး စစ်တပ်၏ ထိုးစစ်ကို ထိန်းချုပ်ထားနိုင်ကြောင်း AA စစ်ရုံးချုပ် သတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်တပ်က စစ်တွေ-ပုဏ္ဏားကျွန်းဘက်တွင်သာမက ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူမြို့နယ်များနှင့် ကြောင်ခိုချောင်းဖျား၊ မင်းပြင်၊ တောင်မော်ဦးရေတပ်ဌာနချုပ်အနီးတို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ထိုနည်းတူ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော မကွေးတိုင်း မင်းတုန်းမြို့နယ် သဖန်ယောင်ဒေသတွင် စစ်ကောင်စီတပ်က အင်အား ၁,၈၀၀ မှ ၂,၀၀၀ ခန့် အသုံးပြု၍ ထိုးစစ်ဆင်နေပြီး ဩဂုတ်လနှောင်းပိုင်းမှ စက် တင်ဘာလဆန်းပိုင်းအထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းမှူး ၂ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသည့် တပ်ရင်းမှူး ၂ ဦးမှာ ဒုတိယဗိုလ်မှူးကြီး တင်မျိုးထွဋ်နှင့် ဒုတိယဗိုလ်မှူးကြီး မြတ်သင်းကျော်တို့ ဖြစ်ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ ကပစ ၁၆၊ လေလာတောင်တန်းနှင့် ၆၆၆ ပွိုင့်ကုန်းဘက်တွင် ကြိုကြားကြိုကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း AA ဘက်က ပြောသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းအစပ်ရှိ ပွိုင့် ၁၀၁ ကုန်း၏ အနောက်တောင်ဘက် တစ်ကီလိုမီတာခန့်အကွာနှင့် ဘုတ်တိုင်ကျေးရွာအနီးတွင်လည်း စက်တင်ဘာ ၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း AA က ဆိုသည်။

ထို့အပြင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ကလေးကျေးရွာ၏ အရှေ့မြောက်ဘက်၊ ရေကြည်မြို့နယ် သုံးတန်ကူးအနီးနှင့် ပွိုင့် ၂၂၇ ကုန်းအနောက်ဘက်တို့တွင်လည်း ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များထံမှ လက်နက်ငယ် ၅၀ ခန့်အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၂၀ ကျော် ရရှိခဲ့ကြောင်း AA က ဆိုသည်။

ရခိုင်ကို ရန်နိုင်အောင် စစ်ဆင်ရေး ဖြင့် တိုက်စစ်ဆင်နေပြီး ၄၉၂၆ စစ်ဆင်ရေးဟု ဝါဒဖြန့်

စစ်တပ်ထောက်ခံသူများဘက်က ရခိုင်ပြည်နယ်အတွင်း “၄၉၂၆ စစ်ဆင်ရေး” ဆင်နွှဲနေသည်ဟု ဝါဒဖြန့်နေသော်လည်း အမှန်တကယ် စစ်ဆင်ရေးဆောင်ရွက်နေသည့် နာမည်မှာ “ရန်နိုင်အောင် စစ်ဆင်ရေး”သာ ဖြစ်ကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်များထံမှ သိရသည်။

ရန်နိုင်အောင် စစ်ဆင်ရေးဟု အမည်ပေးထားခြင်းနှင့် ပတ်သက်၍ CDM စစ်သား ဗိုလ်ကြီး ဇင်ယော်ကလည်း ယခင်ရခိုင်ဒေသ စစ်ရေးအောင်မြင်မှုများကို ရည်ညွှန်းသည့် အမည်ဖြစ်သည်ဟု ဆိုသည်။

“သူတို့ ရခိုင်မှာ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး စိတ်ကူးယဉ် ဝါဒဖြန့်နေတာပါ။ တကယ်တမ်း နပခရဲ့ စစ်ဆင်ရေးအမည်က ‘ရန်နိုင်အောင်’ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးပြီး တိုက်နေပေမဲ့ တစ်ကြိမ်မှ မအောင်မြင်ပါဘူး”ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်သည် ရခိုင်တွင် အရေးနိမ့်နေမှုများကို ဖုံးကွယ်ရန်အတွက် ဗန္ဓုလ၊ ဗဒုံမင်း စသည့် စစ်ဆင် ရေးအမည်အမျိုးမျိုး အသုံးပြုကာ စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“စစ်ဆင်ရေး နာမည်တွေ ဘယ်လောက်ပဲ အမျိုးမျိုးပြောင်းပြီး ထုတ်ပြထုတ်ပြ၊ နာမည်တစ်ခု ထွက်လာတိုင်း စစ်တပ်ရဲ့ တပ်မ၊ စစ်မ အသီးသီးမှာ အင်အား ပြုန်းတီးသွားတာပဲ အဖတ်တင်ပါတယ်” ဟု အထက် ပါ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် လေကြောင်းနှင့် ရေကြောင်း အလွန်အကျွံ သုံးစွဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုရှိနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကလည်း စစ်တပ်သည် သံတွဲနှင့် ဂွမြို့နယ်တို့ကို ရေကြောင်းမှလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ လေကြောင်းမှလည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်