နေမကောင်းတဲ့ ကလေးလေး ရဲ့ လက်ချောင်းတွေကို သူနာပြုက မှားပီး ဖြတ်ပစ်လိုက်ပါတယ်။
ဖြစ်စဉ်က ကလေးလေးက နေမကောင်း ဖြစ်ကာ အအေးမိလို့ ည10နာရီက ဆေးရုံကို ရောက်လာခဲ့တယ်။
ဆေးရုံမှာ တညလုံး ကုသမှုခံယူနေရတဲ့ ကလေးလေးဟာ မနက် 8-9နာရီမှာ ဆရာဝန်က လာစစ်ဆေးပီး သက်သာပီးလို့ ပြောခဲ့ပါတယ်။

အဲနောက် ကလေးလေးရဲ့ လက်က ဆေးချိတ်ထား တဲ့ ပတ်တည်းတွေ တိတ်တွေကို ဖယ်ထုတ်ဖို့ အတွက် သူနာပြု အကူ က ကတ်ကြေးနဲ့ ဂွမ်းတွေကို ယူလာပါတယ်။
ဒါပေမဲ့ ပတ်တီးနဲ့ တိတ်တွေကို အားလုံးစင်အောင် ဂရုတစိုက် မဖယ်ရှားမိပဲ ပတ်တီးအောက်ဘက်ကနေ ကတ်ကြေးထိုးထည့်ပီး သူနာပြု အကူက ဖြတ်လိုက်တာ၊ ကလေးရဲ့ လက်ချောင်းကို ဖြတ်မိသွားပါတယ်ရှင့်။
အဲနောက် ကလေးလေး ကို လက်ချောင်းကို ပြန်ဆက်ဖို့ အရေးပေါ် ခွဲစိတ် ခဲ့ကြပြန်တယ်။
ခွဲစိတ်ခန်းထဲမှာ အသက်ရှုစက် တပ်ထားရတဲ့ ကလေးလေး၊ ခွဲစိတ်မှုကြောင့် ခံစားရတဲ့ နာကျင်မှုတွေ၊ အသက်ရှုစက်ကြောင့် အသက်ရှုရခက်နေတဲ့ ကလေးကို ကြည့်ပီး မိခင်ဟာ ထိုင်ငိုနေပါတောတယ်ရှင့်။
အမေက ကလေးလေး ကို ခြေ၊လက် စုံစုံ လင်လင်နဲ့ ပိုးမွေးသလို မွေးခဲ့တာ၊ အခု သူနာပြု အကူကြောင့် ကလေးလေး လက်ပြတ်သွားရပီ ဆိုပီး ပြောနေခဲ့တယ်။

မနက် 1နာရီမှာ -ကလေးလေး ကို ခွဲစိတ်မှုပီးသွားပီး လက်ချောင်းတွေကို ပြန်ဆက် နိုင်ပီလို့ ဆရာဝန်က ဆိုခဲ့ပေမဲ့ အခြေအနေကတော့ စောင့်ကြည့်ရပါအုန်းမယ်။
နေမကောင်းတဲ့ ကလေးလေး ဆေးရုံက ဆင်းခါနီးမှ ဒီထက် ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံရတာ ကလေးလေး နေရာ မှာ အမေ ပဲ ဖြစ်ချင်တယ်။ အမေပဲ နာကျင်တဲ့ ဒဏ်ရာတွေကိုပဲ ယူလိုက်ချင်တယ်တဲ့။
အမေ ကလေးလေး ခံစားနေရတာ အမေ မကြည့်ရက်တော့ဘူးတဲ့။
ကလေးလေး နေအမြန်ကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော်။
Nanpiya Punno



Leave a Reply