📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

၈၀ ခုနှစ် ခေတ်ဟောင်းသို့ လွမ်းဆွတ်မှုကို AI က ထောင်ချောက်အဖြစ် ပြောင်းလဲနေ

မကြာသေးမီက လူမှုကွန်ရက်များကို အသုံးပြု ကြည့်ရှုသူများအနေဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များ၏ ယဉ်ကျေးမှုနှင့် အလှအပပုံစံများ၊ ဝတ်စားဆင်ယင်မှု ဒီဇိုင်းများ၊ တေးဂီတများ၊ ရုပ်ရှင်များများ ပြန်လည် ခေတ်စားလာသည်ကို တွေ့မြင်ကြလိမ့်မည် ဖြစ်သည်။

နီယွန်မီးရောင်များ ပြိုးပြိုးပြက်ပြက်ကြားမှ Synthwave တေးဂီတများ၊ ခေတ်ဟောင်း ဖက်ရှင်များနှင့် အရည်အသွေးနိမ့် Retro ပုံစံဗီဒီယိုများအထိ ၈၀ ပြည့်လွန်နှစ်များ၏ အငွေ့အသက်များက အင်တာနက်ပေါ်တွင် နေရာအနှံ့ ပြန်လည်ပေါ်ပေါက်လာနေသည်။

သို့သော် ကမ္ဘာ့သတင်းအစီအစဉ်တခုဖြစ်သည့် Vantage on Firstpost ၏ မကြာသေးမီက သုံးသပ်ချက်အရ ထိုသို့ ခေတ်ဟောင်းကို လည်ပြန်လွမ်းဆွတ်မှုက အင်တာနက်ပေါ် ပြန်လည် ခေတ်စားလာမှု၏ နောက်ကွယ်တွင် စိုးရိမ်ဖွယ်ရာ အခြေအနေတရပ် ပေါ်ပေါက်လာနေသည်ဟု ထောက်ပြထားသည်။

ယင်းမှာ ထို လွမ်းဆွတ်ဖွယ်အကြောင်းအရာများကို ဖန်တီးထားမှု တော်တော်များများမှာ လူသားများကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်တော့ဘဲ ဉာဏ်ရည်တု AI များဖြင့် ဖန်တီးပေးနေခြင်းပင် ဖြစ်သည်။

လွမ်းဆွတ်မှုကို AI ဖြင့် အမြောက်အမြားထုတ်လုပ်ခြင်း

ယခင်က Retro ခေတ် (၁၉၈၀ ဝန်းကျင်နှစ်များ) တကျော့ပြန် ခေတ်စား ရှင်သန်မှုများ ရှိခဲ့သည်မှာ ထို ခေတ်ကာလကို အမှန်တကယ် နှစ်သက်မြတ်နိုးသည့် လူသားများ၏ ဖန်တီးမှုများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အနုပညာရှင်များ၊ တေးဂီတပညာရှင်များနှင့် ရုပ်ရှင်ဖန်တီးသူများက ၎င်းတို့ ငယ်စဉ်က ဖြတ်သန်းခဲ့သည့် ခေတ်ကာလကို ပြန်လည် ဂုဏ်ပြုဖန်တီးခဲ့ကြခြင်းမှ ယဉ်ကျေးမှု တကျော့ပြန်လာခြင်းပဲ ဖြစ်သည်။

သို့သော် ယနေ့ခေတ်တွင် အဆင့်မြင့် AI ရုပ်ပုံဖန်တီးစနစ်များ၊ ဗီဒီယိုဖန်တီးမှု ကိရိယာများနှင့် တေးဂီတပလက်ဖောင်းများက ၁၉၈၀ ပြည့်လွန်နှစ်များကို အခြေခံထားသည့် အကြောင်းအရာ ထောင်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ရိုက်ထုတ် ပေးနိုင်နေပြီဖြစ်သည်။

AI စနစ်များက လူသားများ၏ ဦးနှောက်အတွင်း လွမ်းဆွတ်မှုနှင့် သက်တောင့်သက်သာ ရှိသည့် ခံစားချက်များကို ဖြစ်ပေါ်စေတတ်သည့် အရောင်များ၊ အသံများနှင့် ရုပ်ပုံ ပုံစံများကို လေ့လာနိုင်လာကြသည်။ ထိုမှတဆင့် Retro ခေတ်ကို တန်ဖိုးထားသူများ၏ အမှတ်တရများနှင့် ဆင်တူသည့် အတုအယောင်အကြောင်းအရာများက အင်တာနက်ပေါ် အမြောက်အမြား ပေါ်ထွက်လာနေတော့သည်။

ယင်းတို့အနက် အမှန်တကယ် မတည်ရှိခဲ့ဖူးသည့် ၁၉၈၀ ပြည့်လွန်နှစ်များမှ တေးဂီတအဖွဲ့များ၏ သီချင်းများနှင့် အမှန်တကယ် မဖြစ်ပျက်ခဲ့ဖူးသည့် ခေတ်ဟောင်းပါတီပွဲများ၏ ဓာတ်ပုံများကဲ့သို့သော AI ဖန်တီးထားသည့် အကြောင်းအရာများလည်း ပါဝင်လာသည်။

ဘာကြောင့် “ထောင်ချောက်” ဖြစ်လာသနည်း

သတင်းသုံးသပ်ချက်တွင် ထောက်ပြထားသည့် အဓိက အန္တရာယ်မှာ AI က အယ်လ်ဂိုရစ်သမ်များဖြင့် လွမ်းဆွတ်မှုဆိုင်ရာအကြောင်းအရာများကို အဆုံးမရှိ ထုတ်လုပ်ပေးနေသည့် စက်ဝိုင်းတခု ဖြစ်ပေါ်လာခြင်းပဲ ဖြစ်သည်ဟု ဆိုထားသည်။

အတိတ်ကို ပြန်လည် တမ်းတလွမ်းဆွတ်မှု အကြောင်းအရာများကို AI က အမြောက်အမြား ထုတ်လုပ်လာသည့်အခါ ထို ခေတ်ကာလ၏ စစ်မှန်သော ယဉ်ကျေးမှုသမိုင်းနှင့် လူသားတို့၏ ကိုယ်ပိုင်အတွေ့အကြုံများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်သည်။

ထိုအခြေအနေကြောင့် လူသားများမှာ အမှန်တကယ် ဖြတ်သန်းခဲ့သည့် အတိတ်ကာလထက် AI က ဖန်တီးပေးထားသည့် ပိုမို လှပပြီး ပြည့်စုံသည့် အတိတ်ပုံရိပ်အတုအယောင်များအတွင်း ပိတ်မိသွားနိုင်သည်ဟု သုံးသပ်ထားသည်။

ထို့အပြင် လူသားတို့၏ အတွေ့အကြုံများမှ ဖြစ်ပေါ်လာသည့် စစ်မှန်သော ယဉ်ကျေးမှုနှင့် လူများ၏ စိတ်ဝင်စားမှုနှင့် ကြည့်ရှုမှုများ ရရှိအောင် AI စနစ်များက အကောင်းဆုံး ဖန်တီးထားသည့် အတုအယောင် ယဉ်ကျေးမှုတို့အကြား ခွဲခြားရန်လည်း ပိုမို ခက်ခဲလာနိုင်သည်။

ထို့ကြောင့် AI နည်းပညာများ ပိုမို တိုးတက်လာပြီး အကြောင်းအရာများကို အလွယ်တကူ ဖန်တီးနိုင်လာသည့် ယနေ့ခေတ်တွင် ဝေဖန်ပိုင်းခြားစဉ်းစားနိုင်မှုနှင့် ဒစ်ဂျစ်တယ်အသိပညာ ရှိမှုက ယခင်ကထက် ပိုမို အရေးကြီးလာနေသည်။

အတိတ်ကို လွမ်းဆွတ်ကြည့်ရှုရာတွင်ပင် AI က ဖန်တီးထားသည့် အတုအယောင်ပုံရိပ်များနှင့် စစ်မှန်သောသမိုင်းအကြား ခွဲခြားနိုင်ရန် လိုအပ်နေပြီပဲ ဖြစ်သည်။

Firstpost မှ The Great 80s Retro Revival: How AI Turned Nostalgia Into a Trap ကို မိုးသဲ ဘာသာပြန်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်