မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်တွင် ကလေးတစ်ဦး ရေမြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှ ပျောက်ဆုံးနေပြီး မီးသတ်တပ်ဖွဲ့မှ ရှာဖွေလျှက်ရှိ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်တွင် စက်တင်ဘာ ၁၂ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က ကလေးငယ်တစ်ဦး ရေမြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှ ပျောက်ဆုံးနေပြီး လက်ရှိ ညနေ ၆ နာရီခွဲအထိ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှာဖွေလျှက်ရှိသည်။
“စပြီး ဖြစ်တာက ဖို့မြေကနေ ဖြစ်တာ။ဖို့မြေဘက်ကနေ လွတ်လပ်ရေး ရပ်ကွက်ဘက်ကို ရေစီးတဲ့ မြောင်းရှိတော့ ဒီဘက်မှာ ရှာနေကြတာ”ဟု လွတ်လပ်ရေး ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။

“မိုးတွေ အရမ်းရွာတဲ့မှာဖြစ်တာ။ ဘောလုံးဆင်းကောက်ရင်း ဖြစ်တာ။ လက်ရှိတော့ ရှာနေတုန်းပါ”ဟု အခင်းဖြစ်ရာ နေရာအနီးနေသူက ပြောကြားသည်။
လက်ရှိအချိန်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ပျောက်ဆုံး နေတဲ့ကလေးကို ဝိုင်းဝန်းရှာဖွေနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာမွေမြို့နယ်မှာ ကလေးတစ်ယောက်ရေမြောင်းထဲမျောပါမှု ဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။






ဓာတ်ပုံ-အဖြူရောင်ကမ်းလက်



Leave a Reply