လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံတွင် Non CDM ဝန်ထမ်းများက ဆီဂါလံ ရာချီ အပါအဝင် သံထည်ပစ္စည်းများ အားလုံးကို ခိုးယူ ရောင်းစားမှု စိစစ်တွေ့ရှိရ

ရှမ်းပြည်နယ်အခြေစိုက် လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံတွင် Non CDM ဝန်ထမ်းများက ဆီဂါလံ ၃၁၃ ဂါလံ အပါအဝင် သံထည်ပစ္စည်းများ အားလုံးကို ခိုးယူ ရောင်းစားမှုဖြစ်ပွားကြောင်းကြောင်း မြန်မာ့မီးရထား CDM သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့ လားရှိုး တိုင်း ၃ စက်ခေါင်းပြင် စက်ရုံသို့ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် မီးရထား CDM ဝန်ထမ်းများက ဝင်ရောက် စစ်ဆေးခဲ့ခြင်းကြောင်း၊ ထိုသို့ စစ်ဆေးမှု အတွင်း စက်ခေါင်းပြင် စက်ရုံအတွင်းရှိ ဆီဂါလံ ၃၁၃ ဂါလံ အပါအဝင် ပစ္စည်းများ အားလုံး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံတွင် Non CDM ဝန်ထမ်းများက စက်ရုံအတွင်းရှိ ဌာနပိုင် ပစ္စည်းများ၊ လုပ်ငန်းသုံး စက်ပစ္စည်များ၊ စက်ခေါင်း အရံပစ္စည်းများ၊ တွဲရံပစ္စည်း အကုန်လုံးကို ခိုးယူသွားပြီး စက်ခေါင်းအမှတ် Df-2080 အထဲပိုင်းရှိ ဆီတိုင်ဂီထဲမှ ဆီဂါလံ ၃၁၃ ဂါလံတို့ကို ခိုးယူ ရောင်းစားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်ခေါင်းပြင် စက်ရုံအတွင်းရှိ သံထည်ပစ္စည်းများ အားလုံး အပါအဝင် ဘရိတ်တုံးများ၊ မီးပလက်ခုံများပါ မကျန် ပစ္စည်း အားလုံးကို ခိုးယူသွားကြောင်း၊ Non CDM ဝန်ထမ်းများ ခိုးယူရောင်းစားသွားသော ပစ္စည်းအားလုံးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် မီးရထား CDM ဝန်ထမ်းများက မှတ်တမ်းတင်ထားပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာကို တင်ပြမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

” ၉ ရက်နေ့က တိုင်း ၃ လားရှိုး စက်ခေါင်းပြင်စက်ရုံကို သွားရောက် စစ်ဆေးခဲ့တာပါ။ စက်ရုံထဲက ဌာနပိုင် ပစ္စည်း အားလုံးကို Non CDM ဝန်ထမ်းတွေက ခိုးယူသွားတာပါ။ သံထည်ပစ္စည်းတွေကော အကုန်ယူသွားကြတယ်။ ဘရိတ်တုံးတွေ မီးပလက်ခုံတွေကအစ ဘာမှကို မကျန်တော့ဘူး။ စက်ခေါင်းအမှတ် Df-2080 အထဲပိုင်း ဆီတိုင်ဂီထဲက ဆီဂါလံ ၃၁၃ ဂါလံလည်း မရှိတော့ဘူး။ Non CDM တွေ တော်တော်ဆိုးတယ်။ ဒီကောင်တွေ အကုန်လုံးကို မှတ်ထားပြီး တော်လှန်ရေးပြီးရင် အရေးယူနိုင်ဖို့ သက်ဆိုင်ရာလူကြီးတွေလုပ်ပေးဖို့ တောင်းဆိုမယ်” ဟု မီးရထား CDM ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *