စီးပွားရေးလောကကို ကျောခိုင်းပြီး လူနာတွေနဲ့ တိုင်းပြည်အတွက် ဆရာဝန်ဘဝကို ပြန်လည်ရွေးချယ်ခဲ့တဲ့ ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီး ဆရာဝန်မလေး ဒေါက်တာထက်သင်ဇာအောင်🙏🏻🥰

တစ်ချိန်က ငွေကြေးချမ်းသာပြီး အနာဂတ်လုံခြုံတဲ့ မိဘရဲ့ရွှေဆိုင်လုပ်ငန်းကို ဦးစီးဖို့ ဆုံးဖြတ်ခဲ့ဖူးပေမယ့် မိဘတွေရဲ့ အပြည့်အဝထောက်ခံ အားပေးမှုကြောင့် လစားနည်းပါးတဲ့ ဆရာဝန်အလုပ်ကိုပဲ ရွေးခြယ်လိုက်ပါပြီ ။
ချမ်းသာကြွယ်ဝတဲ့ မိဘတွေဘက်က “အမေတို့အတွက် ငွေကြေးမလိုပါဘူး၊ လူနာတွေနဲ့ တိုင်းပြည်အတွက် ဆရာဝန်အလုပ်ကိုသာ ရဲရဲဝံ့ဝံ့ လုပ်ပါ။

နောက်ကွယ်ကနေ လိုအပ်တာမှန်သမျှ ငွေကြေးအင်အားနဲ့ အပြည့်အဝ ပံ့ပိုးပေးသွားမယ်” လို့ ကျောထောက်နောက်ခံပြုပေးခဲ့တာက သူမအတွက် ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်စေခဲ့ပါတယ်။
လက်ရှိမှာတော့ ဆရာဝန်မလေးဟာ အစိုးရဆေးရုံတစ်ရုံမှာ တိုင်းပြည်နဲ့လူထုအတွက် တာဝန်ထမ်းဆောင်နေပါပြီ။
ကိုယ်ပိုင်မိသားစုပိုင်ဆိုင်တဲ့ ဇွဲထက်ရွှေဆိုင်ရဲ့ အရောင်းဝန်ထမ်းတစ်ဦးရဲ့ လစာထက်တောင် နည်းပါးတဲ့ ဆရာဝန်တစ်ယောက်ရဲ့ လစာနှုန်းထားနဲ့ ရပ်တည်နေရပေမယ့် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လူနာတွေကို ကုသပေးနေတဲ့ သူမရဲ့စိတ်ရင်းကို လေးစားဂုဏ်ယူရပါတယ်။

ငွေကြေးဥစ္စာထက် လူ့အသက်နဲ့ တိုင်းပြည်အကျိုးကို ပိုပြီးဦးစားပေးတဲ့ ဒီလိုဆရာဝန်ကောင်းမျိုးတွေ ပေါ်ထွန်းလာတာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ကံထူးမှုတစ်ခုပါပဲ။



Leave a Reply