မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ရေမြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှ ပျောက်ဆုံးနေသည့် ကလေးအား သေဆုံးလျှက် ပြန်လည်တွေ့ရှိ

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ရေမြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှ ပျောက်ဆုံးနေသည့် ကလေးအား စက်တင်ဘာ ၁၂ ရက်၊ ည ၇ နာရီခွဲကျော်ခန့်တွင် သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ကလေး၏ DB အား မင်္ဂလာတောင်ညွန့် မြို့နယ် ၉၈ လမ်းထိပ်ရှိ ရေမြောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
သေဆုံးခဲ့သည့် ကလေးမှာ အသက် ၁၄ နှစ်ရှိပြီ ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

သေဆုံးခဲ့သည့် ကလေး၏ DB အား သပြေကုန်းရပ်ကွက်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo – အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း



Leave a Reply