📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တပ်လှန် အထိနာနေတဲ့ ‘ရန်နိုင်အောင်’ စစ်ဆင်ရေး

AA ကို ရင်ဆိုင်ရန် ‘ရန်နိုင်အောင်’ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်နေသည့် ရွေးတုအစိုးရစစ်တပ် အထိနာပြီး ခြေကုတ်နယ်မြေအချို့ လက်လွှတ်နေရ
‎
ရခိုင်ပြည်နယ်နှင့် ဆက်စပ်ဒေသများအတွင်း အာရက္ခတပ်တော် (AA) ကို ရင်ဆိုင်ရန်အတွက် ရွေးတုအစိုးရစစ်တပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ မဟာဗျူဟာအောက်တွင် ‘ရန်နိုင်အောင်’ စစ်ဆင်ရေးအမည်ဖြင့် ကြည်း၊ ရေ၊ လေ အင်အားသုံး၍ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော်လည်း တိုက်ပွဲများအတွင်း အထိနာကာ စစ်စခန်းနှင့် ခြေကုတ်နယ်မြေအချို့ကို စတင်လက်လွှတ်နေရကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်သည် ရခိုင်ရိုးမတောင်ခြေတစ်လျှောက်ရှိ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ် များရှိ ရှေ့တန်းစစ်မျက်နှာများသို့ နပခ၊ တပ်မ (၆၆) အပါအဝင် ခလရ-၁ ၊ ခလရ-၁၁ စသည့် စစ်ကြောင်းများကို အင်အားဖြည့်တင်းကာ ရခိုင်ပြည်နယ်တောင်ပိုင်းသို့ တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်း လျက်ရှိသည်။

“ရေကြည်ထဲက ကာကင်းစခန်းတချို့ရယ်၊ သာပေါင်းအစပ်က စခန်းရယ်ကို AA က ပြန်သိမ်းမိထားတာ ရှိပါတယ်။ တိုက်ပွဲတွေ ဆက်ရှိနေပြီး အမြောက်တပ်အနီးထိ ဖြစ်နေတာပါ” ဟု စစ်ရေး သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
AA နှင့် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရေကြည်နှင့် သာပေါင်း မြို့နယ်စပ်အပါအဝင် ဧရာဝတီ-ရခိုင် နယ်စပ်တစ်လျှောက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အထိအခိုက်၊ သေဆုံးများသည့်အပြင် လက်နက်ချအလင်းဝင်မှု များလည်းရှိနေပြီး ကာကင်းစခန်းများနှင့် အရေးပါသည့် စခန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အခြေအနေ ဆိုးရွားလာကာ နယ်မြေ လက်လွှတ်ရမှုများ ရှိလာသည့် အတွက် ပြီးခဲ့သည့် ‎စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ မင်းလှရွာ၊ ဆားပို့တောင်ရွာနှင့် ခမောင်းတောဘက်သို့ ဂျက်ဖိုက်တာ လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်၍ လေ ကြောင်းမှပါ တိုက်ခိုက်လာခြင်းဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည် ရွှေမင်းဂံ ရေတပ်စခန်းကို အမှီပြု၍ ရှေ့တန်းကာကင်းစခန်းများ ပြုလုပ်ကာ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း သေဆုံးမှုများစွာဖြင့် နေရာအချို့ကို စွန့်လွှတ်ခဲ့ရပြီး စစ်ကြောင်းမှူးများပါ သေဆုံးသည့်အထိ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်