📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တပ်လှန် အထိနာနေတဲ့ ‘ရန်နိုင်အောင်’ စစ်ဆင်ရေး

AA ကို ရင်ဆိုင်ရန် ‘ရန်နိုင်အောင်’ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်နေသည့် ရွေးတုအစိုးရစစ်တပ် အထိနာပြီး ခြေကုတ်နယ်မြေအချို့ လက်လွှတ်နေရ

ရခိုင်ပြည်နယ်နှင့် ဆက်စပ်ဒေသများအတွင်း အာရက္ခတပ်တော် (AA) ကို ရင်ဆိုင်ရန်အတွက် ရွေးတုအစိုးရစစ်တပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ မဟာဗျူဟာအောက်တွင် ‘ရန်နိုင်အောင်’ စစ်ဆင်ရေးအမည်ဖြင့် ကြည်း၊ ရေ၊ လေ အင်အားသုံး၍ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော်လည်း တိုက်ပွဲများအတွင်း အထိနာကာ စစ်စခန်းနှင့် ခြေကုတ်နယ်မြေအချို့ကို စတင်လက်လွှတ်နေရကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်သည် ရခိုင်ရိုးမတောင်ခြေတစ်လျှောက်ရှိ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ် များရှိ ရှေ့တန်းစစ်မျက်နှာများသို့ နပခ၊ တပ်မ (၆၆) အပါအဝင် ခလရ-၁ ၊ ခလရ-၁၁ စသည့် စစ်ကြောင်းများကို အင်အားဖြည့်တင်းကာ ရခိုင်ပြည်နယ်တောင်ပိုင်းသို့ တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်း လျက်ရှိသည်။

“ရေကြည်ထဲက ကာကင်းစခန်းတချို့ရယ်၊ သာပေါင်းအစပ်က စခန်းရယ်ကို AA က ပြန်သိမ်းမိထားတာ ရှိပါတယ်။ တိုက်ပွဲတွေ ဆက်ရှိနေပြီး အမြောက်တပ်အနီးထိ ဖြစ်နေတာပါ” ဟု စစ်ရေး သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA နှင့် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရေကြည်နှင့် သာပေါင်း မြို့နယ်စပ်အပါအဝင် ဧရာဝတီ-ရခိုင် နယ်စပ်တစ်လျှောက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အထိအခိုက်၊ သေဆုံးများသည့်အပြင် လက်နက်ချအလင်းဝင်မှု များလည်းရှိနေပြီး ကာကင်းစခန်းများနှင့် အရေးပါသည့် စခန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အခြေအနေ ဆိုးရွားလာကာ နယ်မြေ လက်လွှတ်ရမှုများ ရှိလာသည့် အတွက် ပြီးခဲ့သည့် ‎စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ မင်းလှရွာ၊ ဆားပို့တောင်ရွာနှင့် ခမောင်းတောဘက်သို့ ဂျက်ဖိုက်တာ လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်၍ လေ ကြောင်းမှပါ တိုက်ခိုက်လာခြင်းဖြစ်သည်။

ရွေးတုအစိုးရစစ်တပ်သည် ရွှေမင်းဂံ ရေတပ်စခန်းကို အမှီပြု၍ ရှေ့တန်းကာကင်းစခန်းများ ပြုလုပ်ကာ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း သေဆုံးမှုများစွာဖြင့် နေရာအချို့ကို စွန့်လွှတ်ခဲ့ရပြီး စစ်ကြောင်းမှူးများပါ သေဆုံးသည့်အထိ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်