မြင်းမူမြို့နယ် တိုက်နယ်ပကဖနဲ့ အမျိုးသမီးဖြစ်သူတို့ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်း
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်တိုက်နယ်ပကဖမြတ်စိုးနဲ့ သူရဲ့အမျိုးသမီးဖြစ်သူတို့က အကြမ်းဖက် စစ်တပ်နဲ့ ဒီနေ့(စက်တင်ဘာ ၁၃) မှာ ပူးပေါင်းသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်သုံးခုက ပြောပါတယ်။
ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက “မကောင်းတာ အကုန်လုပ်တယ်။ကြက်ဝိုင်း ဖဲဝိုင်း ဒိုင်လုပ်တယ်။ သူ့ကားလာလို လမ်းမဖယ်ပေးရင် ပါးဆင်းရိုက်တာ။ ဒီဘက်မှာ မကောင်းတာတေ အကုန်လုပ် ရာထူးယူပြီး ဟိုဘက်ကို ပြေးတာ” လို့ ပြောပါတယ်။

အဆိုပါ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်တိုက်နယ်ပကဖမြတ်စိုးက မြင်းမူမြို့နယ်မှာ ပြန်ပေးဆွဲတာ၊ ဓားပြတိုက်တာ အပါအဝင် ဆီဘောက်စာကားတွေကို ပြန်ပေးဆွဲတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီဒေသခံ ကာကွယ်ရေးရဲဘော် က ဆက်ပြောပါတယ်။
ဒေသခံတစ်ဦးက “သူ့မိန်းမက အရင်ကူးတာ။ သူရွာကို ဒရုန်း ဝဲနေတာ” လို့ ပြောပါတယ်။
တစ်ခြားဒေသခံသတင်းရင်းမြစ်ပြောပြချက်အရ မြတ်စိုး(ဂုံညင်းဆိပ်တိုက်နယ်ပကဖ)က ရဲဘော်တစ်ချို့ရဲ့ လက် နက်တွေနဲ့ လက်နက်ခဲယမ်းဖိုးတွေကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။
တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက “ သူ့မိန်းမက သူ့အရင် ၃ ရက်လောက်က အကြမ်းဖက်စစ်တပ်ဆီ ကူး သွားတာ။ သူတို့က ကြိုတင် ပြင်ဆင်ထားပြီးသားရယ် အလက်တွေများများယူပြီး ဝင်နိုင်အောင် စောင့်နေတာ ထင် တယ်။ အတည်ဖြစ်ပါပြီ၊ မြို့နယ်ဘက်ကလည်း အချက်အလက်တွေပါသွားတော့ အလုပ်တွေရှုပ်ကုန်ကြပြီ” လို့ ပြောပါတယ်။

ဒီစက်တင်ဘာလအတွင်းမှာ မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်ဆယ်ဦးနီးပါးက အကြမ်းဖက်စစ်တပ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်။
Photo – အကြမ်းဖက်စစ်တပ်ဆီ ဘက်ပြောင်းခိုလှုံတဲ့ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်တိုက်နယ်ပကဖမြတ်စိုးနဲ့ သူအမျိုးသမီး



Leave a Reply