📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အင်းလျားကန်ထဲပေါ်လာတဲ့ အမည်မသိ အမျိုးသား DB တစ်ခု

အင်းလျားကန်အတွင်း အမျိုးသား ၁ ဦး ရုပ်အလောင်းတွေ့

ရန်ကုန်၊ အင်းလျားကန်ထဲမှာ စက်တင်ဘာ ၁၃ ရက် ဒီမနက်ပိုင်းက အမျိုးသားတယောက်ရဲ့ အလောင်းတွေ့တယ်လို့ သွားရောက်ဆယ်ယူခဲ့တဲ့ မိုးစေတနာပရဟိတအသင်း (ရန်ကုန်) ဆီက သိရပါတယ်။

မနက် ၇ နာရီလောက်မှာ မရမ်းကုန်းမြို့နယ်ဘက်ခြမ်း အင်းလျားကန်ထဲမှာ အလောင်းပေါ်နေတယ်ဆိုတဲ့ သတင်းရလို့ အသင်းရဲ့လူနာတင်ယာဥ်နဲ့ သွားရောက်သယ်ယူပြီး မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး ကိုယ်ရေးအချက်အလက်နဲ့ သေဆုံးရတဲ့ အကြောင်းရင်း မသိရသေးဘူးလို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“အသတ်ခံရတာလား၊ သတ်သေတာလား မပြောတတ်ဘူး။ သက်ဆိုင်တဲ့ရဲတွေ စုံစမ်းစစ်ဆေးနေတယ်”

စက်တင်ဘာ ၆ ရက်ကလည်း ရန်ကုန်၊ ကန်တော်ကြီးထဲမှာ အသက် ၄၀ အရွယ် အမျိုးသားတယောက် သေဆုံးနေတဲ့ရုပ်အလောင်း တွေ့ရှိခဲ့ပါသေးတယ်။

ပြီးတော့ စက်တင်ဘာ ၁၂ ရက်က အမျိုးသားတယောက် အင်းစိန် အောင်ဇေယျတံတားပေါ်က ခုန်ချခဲ့ပြီး တာမွေမြို့နယ်၊ မလွှကုန်းဘူတာနားက ရထားလမ်းကူးတံတားအောက်မှာ သက်လတ်ပိုင်း အမျိုးသားတယောက် အသတ်ခံရတဲ့ပုံစံ အနေအထားနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ပါတယ်။

အင်းလျားကန်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက လူတယောက် ခုန်ချသတ်သေတာရှိခဲ့သလို ကန်တော်ကြီးမှာလည်း ၂ နှစ်အတွင်း သေဆုံးသူ ၃ ယောက်ရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်