📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဒူဝါးတို့ ဖြုတ်ချက် ဒရုန်းတွေလဲ ကုန်၊ ဆီဆိုင်ကြီးလဲ ပြုတ်၊ ခဝီး​တွေလဲ ကြွ

—

by

in

ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ

တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ဒရုန်းများ အသုံးပြုမှု ပိုမိုများပြားလာနေပြီး ယမန်နေ့ မတ်လ ၉ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ်၏ ဒရုန်း ၇ စီးကို ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

“ငါတို့ ပစ်ချနိုင်ခဲ့တာ ဒရုန်း ၇ စီးရှိတယ်။ မနေ့ကပစ်ချတာ။ တိုက်ပွဲလည်း ပြင်းထန်တယ်။ လေကြောင်းတိုက် ခိုက်မှုကတော့ စစ်ကောင်စီက မရပ်မနားကို လုပ်နေတာ။ အခုထက်ထိလည်း တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ယနေ့ ဗန်းမော်မြို့ ၃ မိုင်အနီးရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော စက်သုံးဆီအရောင်းဆိုင်တွင် မီးများ လောင်ကျွမ်းနေပြီး တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် မီးလောင်ကျွမ်းနေခြင်းဖြစ်ကြောင်း၊ KIA ဦးဆောင်သော တော်လှန်ရေးတပ်များမှာ စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သော စကခ ၂၁ ကို ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ စကစ ၂၁ တပ်အထဲအထိကို ရောက်နေပြီ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမြောက်တပ် ၃၆၆ ၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် ခလရ ၂၃၆ တပ်ရင်းတို့ကို အပြီးသတ် ရရှိခဲ့ပြီး စကခ ၂၁ ကို ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်