ကျောင်းတက်နေစဉ် ရည်းစားနဲ့ ကိုယ်ဝန်ရပီး ဘိုက်ကြီးတော့ ကလေးကို တာဝန် မယူဘူး ဆိုပီး ဖျက်ချခိုင်းခဲ့တဲ့ လူမဆန်တဲ့ ကလေး အဖေရည်းစား၊

ဖြစ်စဉ်က ကျောင်းသူလေးက ငယ်သူငယ်ချင်း ကောင်လေး ၁ ဦးနဲ့ ချစ်ကြိုက်ခဲ့ကြတယ်။
ကောင်မလေး ဗိုက်ကြီးတော့ ရည်းစားဖြစ်သူက ကိုယ်ဝန်ကို အတင်းဖျက်ချခိုင်းခဲ့တယ်။
ဒါပေမဲ့ ကောင်မလေးက နင် လူစိတ်မရှိဘူးလား ဒါနင့် သွေးသားလေ နင့်မှာ လူ့အသိ ရှိသေးလားဆိုပီး စကားများခဲ့ကြတယ်။
ကောင်မလေးဟာ ငယ်စဉ်ထဲက မိဘမဲ့ အနေနဲ့ ကြီးပြင်းလာခဲ့ရလို့ ကလေး ကိုလဲ သူမလို ဘဝမျိုး မဖြစ်စေချင်ဘူး။

ဒါကြောင့် ကလေးကို မဖျက်ချပဲ ရအောင်မွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဗိုက်တဖြည်းဖြည်း ပူလာတဲ့ ကောင်မလေးကို ကလေး အဖေ ရည်းစားဆိုတဲ့ အကောင်က တာဝန်ယူရမှာစိုးလို့ ထွက်ပြေးသွားပါတယ်။
အဲလိုနဲ့ ကောင်မလေးဟာ အဆောင်မှာ တဦးထဲ နေထိုင်ပီး ဗိုက်ကြီးကြီးနဲ့ ကျောင်းဆက်တက်ခဲ့တယ်ရှင့်။
12 ရက်နေ့ ည 12 နာရီမှာ ကိုယ်ဝန် 7 လ ထဲရောက်နေပီး ကောင်မလေးဟာ 7 လနဲ့ ကလေးကို အဆောင်ထဲမှာ ၁ ယောက်ထဲ မွေးချလိုက်တယ်ရှင့်။
ဒါပေမဲ့ မွေးလာတဲ့ ကလေးလေးက အသက်မရှင်ခဲ့ဘူး၊

အဲနောက် ကလေးလေး အလောင်းကို အိတ်လေးထဲ ထည့်ပီး ကောင်မလေးက ဘုန်းကြီးကျောင်းဆီကို သွားပီး ကလေးကို သင်္ဂြိုလ် ပေးပါလို့ အကူညီ တောင်းခဲ့တယ်
ဘုန်းကြီးကျောင်းကလဲ ကလေးကို သင်္ဂြိုလ် မ ပေးရဲကြဘူးရှင့် ၊
အဲနောက် ဘုန်းကြီးကျောင်းက ကလေး သင်္ဂြိုလ်ဖို့ အဆင်ပြေစေဖို့ ကောင်မလေးကို ဘယ်ကိုသွား ဆိုပီး အကြံဉာဏ်တချို့ ပေးလိုက်တယ်။
ကောင်မလေးက ကလေးထည့်ထားတဲ့ အိတ်လေးကို ကိုင်ပီး ဘုန်းကြီးကျောင်းထဲကနေ ထွက်လာပီး ရဲစခန်းဆီကို လာခဲ့တယ်တဲ့ရှင့်။
အလောင်းထည့်ထားတဲ့ အိတ်လေးကို တကယ်လိုများ ကလေးလေး မသေ သေးခဲ့ရင် အသက်ရှုနိုင် အောင်လို့ ဇစ်ဖွင့်ထားပေးခဲ့တယ်။

အဲလိုနဲ့ 13 ရက်နေ့ ညနေ 3:00 နာရီ လောက်က ရဲစခန်းရှေ့ကို ရောက်တော့ ကောင်မလေးဟာ ရဲစခန်း အရှေ့မှာ ကလေးလေး ပိုက်ပီး မေ့လဲကျသွားခဲ့ပါတယ်။
ပီးနောက် ရဲတွေ ကယ်ဆယ်ရေး တွေက ကောင်မလေးကို အရေးပါ်ပို့ပီး၊ ကလေးကိုတော့ ဆုံးရတဲ့ အကြောင်းရင်း စစ်ဆေးဖို့ ဆေးရုံကို ပို့လိုက်ပါတယ်။
နောက်ဆုံးရ သတင်းကတော့ ကလေး အဖေကို ဆင့်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Nanpiya Punno



Leave a Reply