📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်ကိုင်းမြို့ပေါ်ရုံးဌာနတွေ စ,ဒွမ်နေပြီ

စစ်ကိုင်းမြို့ မြေစာရင်းရုံးနှင့် သစ်တောရုံးတို့ကို ပါဆယ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး စစ်ယာဉ်တန်းကို မိုင်းဆွဲကာ လက်နက်ကြီးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ မြေစာရင်းရုံးနှင့် သစ်တောရုံးတို့အနီးတွင် ဩဂုတ် ၂၅ ရက်နှင့် စက် တင်ဘာ ၁၁ ရက်တို့က စာနှင့် ပါဆယ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဩဂုတ် ၂၅ ရက်တွင် မြေစာရင်းရုံးနှင့် သစ်တောရုံးတို့အနီး၌ စာဖြင့် သတိပေးမှု ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံးတို့က စစ်ကောင်စီတပ် အင်အားကို အတိအကျ မသိရသေးပါဘူး။ ဒါက သူတို့ကို ခြိမ်းခြောက်သတိပေးမှု တစ်ခုအနေနဲ့ လုပ်ခဲ့တာပါ။ ၈ လပိုင်းတုန်းကတော့ စာနဲ့သတိပေးခဲ့တာပါ။ ပါဆယ်မိုင်းနဲ့ ဖောက်ခွဲမှုကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာရုံးတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ ပြောချင်ပါတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ထောက်တိုင်များအဖြစ် လုပ်ဆောင်နေသည့် ဌာနဆိုင်ရာရုံးများကို နောင်တွင် အမှန်တကယ် ဝင်ရောက်တိုက်ခိုက်သည့်အခါ ရုံးဝန်ထမ်းများ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီ၏ ယန္တရားကို ထောက်ကူပေးနေသည့် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအနေဖြင့်လည်း ရုံးတက်ခြင်းကို အမြန်ဆုံးရပ်တန့်ကာ ပြည်သူများနှင့်အတူ ရပ်တည်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကြရန် အဆိုပါတပ်ဖွဲ့က တိုက်တွန်းထားသည်။

အလားတူ စက်တင်ဘာ ၁၃ ရက်နေ့ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ သို့ သွားလာသည့် စစ်ကောင်စီယာဉ်တန်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာနေရာသို့ ၈၀ မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ၈၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို လက်ရှိတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်