📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

PDF ဇိုလဲန်းထံမှ စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေး

ချင်းပြည်နယ်မြောက်ပိုင်း PDF Zoland စခန်းမှ ဗိုလ်မှူးများ အပါအဝင် စစ်သုံ့ပန်း ၈၀ ခန့် အစောင့်များကို တိုက်ခိုက်ပြီး လက်နက်လုယူ ထွက်ပြေး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေသည့် ချင်းညီနောင် (Chin Brotherhood – CB) မဟာမိတ်တပ်ဖွဲ့ဝင် PDF Zoland က ထိန်းသိမ်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၈၀ ခန့်သည် စက်တင်ဘာ ၁၃ ရက်တွင် ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်သုံ့ပန်းများအနက် နှစ်ဦးက ရေချိုးရန် အကြောင်းပြကာ အပြင်သို့ ထွက်ခွင့်တောင်းခံခဲ့ပြီးနောက် စခန်းစောင့် တာဝန်ကျတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ရိုက်နှက်တိုက်ခိုက်၍ သေနတ်နှင့် ကျည်ဆန်များကို လုယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အချုပ်ခန်းသော့များကို ဖွင့်ကာ ဗိုလ်မှူးနှင့် အရာရှိများ အပါအဝင် ကျန်ရှိနေသည့် စစ်သုံ့ပန်း စုစုပေါင်း ၈၀ ခန့်နှင့်အတူ စခန်းကို ဖောက်ထွက် ထွက်ပြေးသွားခဲ့ကြသည်။

တိုက်ခိုက်ခံရမှုကြောင့် စခန်းစောင့် တော်လှန်ရေးရဲဘော်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ အနီးဝန်းကျင် နယ်မြေတစ်ဝိုက်ကို ပိတ်ဆို့ရှာဖွေ ရှင်းလင်းမှုများ အပြင်းအထန် ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများကို သိရှိနိုင်ရန် PDF Zoland နှင့် ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ယခု ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများသည် စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲများနှင့် ကလေး-တီးတိန် လမ်းပိုင်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ဆင်မှု ကာလများအတွင်း ဖမ်းဆီးရမိထားသူများ ဖြစ်သည်။

ချင်းညီနောင် မဟာမိတ်တပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ထွမ်းဗွမ် (ခ) ကနေဒီတောင် တပ်စခန်းကို ပထမအကြိမ် စတင်သိမ်းပိုက်စဉ် ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် ၂၀၂၅ ခုနှစ်အတွင်း အဆိုပါစခန်းကို စစ်ကောင်စီက ခေတ္တ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ နှစ်ကြိမ်အတွင်း ဗိုလ်မှူးနှစ်ဦး အပါအဝင် စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိခဲ့သည့်အပြင် နောက်ပိုင်း ကလေး-တီးတိန် လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များကို ခုခံတိုက်ခိုက်ရာတွင်လည်း တပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း သုံ့ပန်းအင်အား ၈၀ ခန့်အထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်အတွင်း ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ကလေး-တီးတိန် မော်တော်ကားလမ်းဘေးတွင် တည်ရှိသည့် ကနေဒီတောင်ထိပ်စခန်းသည် တီးတိန်နှင့် တွန်းဇံမြို့နယ်များကို အပေါ်စီးမှ စိုးမိုးထားနိုင်သည့်အပြင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးကိုပါ တိုက်ရိုက်ထိန်းချုပ်နိုင်သော ပထဝီဝင် အချက်အချာကျသည့် မဟာဗျူဟာမြောက် စခန်းတစ်ခုလည်း ဖြစ်သည်။

PDF ဇိုလဲန်းထံမှ စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များ၌ အခြေစိုက်လှုပ်ရှားပြီး ချင်းညီနောင် (Chin Brotherhood – CB) အဖွဲ့ဝင်ဖြစ်သည့် PDF ဇိုလဲန်း (Zoland) ထိန်းသိမ်းထားသော ဗိုလ်မှူးများအပါအဝင် စစ်သုံ့ပန်း ၈၀ ခန့်သည် ယမန်နေ့ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများ၊ ချင်းညီနောင်အဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

အဆိုပါ စစ်သုံ့ပန်းများသည် ကနေဒီတောင်စခန်းသိမ်း တိုက်ပွဲများနှင့် ထိုဒေသ ပြန်လည်စိုးမိုးရေး စစ်တပ် တန်ပြန်ထိုးစစ်ဆင်လာသည့်ကာလအတွင်းက ဖမ်းဆီးရမိထားသူများဖြစ်ပြီး ယမန်နေ့ ညဦးပိုင်း၌ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကပ်သမ်လ်ရွာခံတဦးက “ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေအပါ ဖမ်းမိထားတာ အယောက် ၈၀ လောက်ရှိတယ်။ အဲဒါ ၂ ယောက်က ရေသွားချိုးဖို့ ပြောတာကို လွှတ်လိုက်တာ။ အဲဒီ ၂ ယောက်ကနေ အစောင့်တွေကို ရိုက်ပြီးတော့ လက်နက်တွေ၊ ကျည်တွေရော ယူပြီး ကျန်တဲ့သူတွေကိုပါ လွှတ်ပေးပြီးတော့ ထွက်ပြေးသွားတာ” ဟု ပြောသည်။

အဆိုပါ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများကို ယနေ့နံနက်အထိ ရှာဖွေနေသော်လည်း ပြန်လည် မတွေ့ရှိသေးသလို၊ အချုပ်စောင့်တပ်ဖွဲ့ဝင်မှာလည်း ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်သုံ့ပန်းများ ထွက်ပြေးသွားသည့် အခြေအနေများနှင့်ပတ်သက်ပြီး PDF Zoland နှင့် ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေသော်လည်း လတ်တလော ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ကနေဒီတောင်သည် ကလေး-တီးတိန်ကားလမ်းဘေးတွင် တည်ရှိပြီး ချင်းပြည်နယ်အတွင်း ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို တောင်ထိပ်မှနေ၍ တီးတိန်၊ တွန်းဇံမြို့နယ်များနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုလုံးအား စိုးမိုးထားနိုင်သဖြင့် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအတွက်ပါ မဟာဗျူဟာမြောက် အချက်အချာကျသော နေရာတခု ဖြစ်သည်။

စစ်ရေးအရ အရေးပါဗျူဟာကျသည့် ကနေဒီတောင်ကို ချင်းညီနောင် ပူးပေါင်းတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ဘက်မှ ခေတ္တပြန်လည် ရရှိခဲ့ကာ၂၀၂၆ ဇန်နဝါရီလတွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

ပထမအကြိမ် စခန်းသိမ်းတိုက်ပွဲနှင့် ဒုတိယအကြိမ် စခန်းသိမ်းတိုက်ပွဲများအတွင်း ဗိုလ်မှူး၂ ဦးအပါအဝင် စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု PDF Zoland နှင့် သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန်ထားပြီး၊ စစ်ရေးအရ အရေးပါသည့် ထိုလမ်းကြောင်းတလျောက် စစ်တပ်မှ အကြိမ်ကြိမ် တန်ပြန်ထိုးစစ်ဆင်ခဲ့ရာတွင်လည်း စစ်သုံ့ပန်း ဒါဇင်နှင့်ချီ ဖမ်းဆီးရမိခဲ့သည်ဟု ချင်းညီနောင်အဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။

ပုံစာ- ၂၀၂၃ နို၀င်ဘာ၂၁ ရက်က ထွမ်းဗွမ်(ခ) ကနေဒီ တပ်စခန်းကို PDF- Zoland သိမ်းပိုက်စဉ် ဗိုလ်မှူးတဦးအပါ တပ်သားများကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းမိခဲ့စဉ်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်