ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သို့ပိမိပြီး လမ်းပိတ်ဆို့နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းတွင်သစ်ပင်လဲကျ၍ ကား(၁)စီးပေါ်ပိမိပြီးလမ်း ပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။











Leave a Reply