📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မြင်းမူ ပကဖတာဝန်ခံ ဘက်ပြောင်းသွားမှု နောက်ဆက်တွဲတွေ

မြင်းမူ ပကဖတာဝန်ခံ ဘက်ပြောင်းသွားပြီးနောက် တော်လှန်ရေးဂိတ်စခန်းတွေကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လာ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပကဖတာဝန်ခံ ကိုမြတ်စိုး မနေ့က စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားပြီးနောက် ဒီကနေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာခဲ့တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြင်းမူမြို့နယ် ဂုံညင်းဆိပ်တိုက်နယ် ပကဖ တာဝန်ခံ ကိုမြတ်စိုးဟာ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်ပြီး သူနဲ့အတူ သေနတ် ၁၁ လက်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ငွေကျပ် ၁၅ သိန်းအပါအဝင် ငွေကြေးတွေကိုပါ ယူဆောင်သွားခဲ့တာပါ။

အဲဒီနောက် ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ မြင်းမူမြို့နယ် အရှေ့ခြမ်းရှိ တော်လှန်ရေးအဖွဲ့ရဲ့ အခွန်ကောက်ဂိတ်နဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၆ စခန်းတို့ကို ငါးကြိမ်တိုင်အောင် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“ဟုတ်တယ်ဗျ။ အဲဒီကိစ္စနဲ့ ဆက်စပ်မှုရှိတယ်။တော်လှန်ရေးအင်အားစု‌တွေ တည်ရှိတဲ့နေရာတွေ သူသိထားတဲ့နေရာတွေကို နေရာပြပြီးကြဲနေတာပါဗျ။ လူကတော့ လုံးဝထိခိုက်မှု မရှိပါဘူး။ အဆောက်အဦးတွေပဲ ပျက်စီးတာမျိုး ရှိပါတယ်။ တော်လှန်ရေးအဖွဲ့ရဲ့ စခန်းနဲ့ အခွန်ဂိတ်ပါ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပကဖ တာဝန်ခံ ကိုမြတ်စိုး လက်နက်မချခင် ရက်ပိုင်းအတွင်းမှာ သူ့ဇနီးဖြစ်သူက စစ်အုပ်စုဘက်ကို အရင်ဆုံး ဘက်ပြောင်းခိုလှုံသွားခဲ့တာဖြစ်ပြီး အဆိုပါ ပကဖတာဝန်ခံကိုတော့ ထီးဆောင်းရွာအတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုက ကန်ပြားရွာဇရပ်အထိ ကားနဲ့လာခေါ်ကာ မြင်းမူမြို့ကို ဝင်သွားခဲ့တယ်လို့ People’s Knight Defence Force – Myinmu (PKDF-MMU) တာဝန်ရှိသူ ရဲဘော်အေးချမ်းက ပြောပါတယ်။

“သူ့မိန်းမက လွန်ခဲ့တဲ့ သုံးရက်လောက်က မြင်းမူကို ပေါင်းသွားတယ်။ အဲဒီနောက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ သူ့ကိုလာခေါ်သွားတာပါ။ ထီးဆောင်းခွေးခြံကနေ Super Custom ကားနဲ့ ကန်ပြားဇရပ်အထိ လာခေါ် ပြီး မြင်းမူခွေးခြံအထိ ဝင်သွားပါတယ်။ လက်နက် ၁၁လက် ပါသွားပါတယ်” လို့ သူက ဆိုပါတယ်။

ကိုမြတ်စိုး လက်နက်ချ ဘက်ပြောင်းသွားတဲ့နေ့မှာပဲ သူအထိုင်ချခဲ့တဲ့ ဂုံညှင်းဆိပ်ရွာနဲ့ အနီးတဝိုက်မှာ စစ်အုပ်စုရဲ့ ကင်းထောက်ဒရုန်းတွေ ဝဲပျံနေခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

အရင်ကလည်း မြင်းမူနယ်မှာ ပကဖတာဝန်ခံ ကိုမြတ်စိုးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သံသယရှိခဲ့တဲ့ သူတွေက သက်ဆိုင်ရာ မြို့နယ်ပကဖထံ တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် လျစ်လျူရှုခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြင်းမူမြို့နယ်အတွင်းမှာ ဇူလိုင်လကနေ လက်ရှိအချိန်ထိ စစ်အုပ်စုထံ ဘက်ပြောင်း လက်နက်ချခိုလှုံသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၆ ဦးဝန်းကျင် ရှိပြီလို့‌ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

မနေ့က ပကဖတာဝန်ခံ ဘက်ပြောင်းသွားပြီးနောက် ဒီကနေ့မှာ မြင်းမူနယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်သွားစဉ်/ ဓာတ်ပုံ -ဒေသခံ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်