ကုလသမဂ္ဂ ရဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း တာဝန်ယူဆောင်ရွက်

ကုလသမဂ္ဂ ရဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် (His Majesty King Harald V) ကွယ်လွန် နတ်ရွာစံခြင်းအတွက် အောက်မေ့လွမ်းဆွတ်တဲ့ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ရာ အစဉ်အလာအရ ကုလသမဂ္ဂမှာရှိတဲ့ ဒေသအုပ်စုရဲံ အလှည့်ကျဥက္ကဋ္ဌတွေက တက်ရောက်ပြီး အမှတ်တရ စကားပြောကြားရပါတယ်။

အဲဒီအစီအစဉ်မှာ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့တာပါ။
အာရှ-ပစိဖိတ်ဒေသအုပ်စုမှာ ကုလသမဂ္ဂအဖွဲ့ဝင် အာရှနဲ့ ပစိဖိတ်ဒေသမှ နိုင်ငံပေါင်း (၅၅) နိုင်ငံ ပါဝင်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ တာဝန်ယူကြရာ မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က သတင်းထုတ်ပြန်ထားပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း က (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများ၊

ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီအစည်းအဝေးများ နဲ့ အဆိုပါကောင်စီအောက်မှ ကျင်းပခဲ့တဲ့ အစည်းအဝေးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများရဲ့ ပုံမှန်အစည်းအဝေးများနဲ့
ဖွံ့ဖြိုးမှု၊ ကလေးသူငယ်၊ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များစတဲ့ ဘာသာရပ်တွေနဲ့ ဆက်စပ်အစည်းအဝေးများ၊ Side Event များသို့လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ရာ
(၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလတလျှောက်လုံးအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။



Leave a Reply