ဧရာဝတီမြစ်ထဲမျောလာတဲ့ စစ်အုပ်စုအလောင်းများထံမှ ခဲယမ်းတွေ မတ္တရာ ပကဖ လိုက်လံဆယ်ယူရရှိ
ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ခဲယမ်းအချို့ကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတဲ့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေကူနဲ့ ဗန်းမော်မြို့နယ်မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားနဲ့ သင်္ဘောတွေနဲ့အတူ သေဆုံးပြီး ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ၅.၅၆ ကျည်အချို့ကို ပကဖ ရဲဘော်တွေက လိုက်လံဆယ်ယူရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ရဲ့ သင်္ဘောတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ်လမှစတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘက်သုံး တိုက်ရေယာဉ်တွေအပါအဝင် သင်္ဘောအများအပြား ဧရာဝတီမြစ်ထဲမှာ ပျက်စီးနစ်မြုပ်ခဲ့ကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း တပါတည်းသေဆုံးမျောပါသွားကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဗန်းမော်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး၊ ၃၀ ကျော် အရှင်မိပြီး စစ်ကြောင်းတခုလုံးပြုတ်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။





Photo | မတ္တရာ ပကဖ



Leave a Reply