📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကိုယ့်ကြမ္မာကိုယ် မတွက်မိလိုက်တဲ့ ဗေဒင်ဆရာ ဗမ ဝေကမ္ဘာစိုး

ပန်းတောင်း ညောင်ကျိုးစခန်း လက်နက်ကြီး ပစ်ခတ်ခံရပြီး ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ စစ်အုပ်စု၏ ညောင်ကျိုးစခန်း လက်နက်ကြီး ထိမှန်မှုကြောင့် အွန်လိုင်း ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး ပွဲချင်းပြီး သေဆုံး။

AA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ အပြင်းအထန် ထိုးစစ်ဆင်နေသည့် ညောင်ကျိုးစခန်းသည် စစ်အုပ်စု၏ ကပစ-၆ စက်ရုံနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမ တောင်တန်းပေါ် (တောင်ကုတ်-ပောင်းတောင်း လမ်းပိုင်း) ရှိ စစ်အုပ်စု၏ ညောင်ကျိုးစခန်းတွင် တာဝန်ကျနေသော အသက် ၃၇ နှစ်အရွယ် ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုးသည် ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် လက်နက်ကြီး ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်၏ ညောင်ကျိုးစခန်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ရှိနေသည့် ဗိုလ်မှူး ဝေကမ္ဘာစိုး ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ဗိုလ်မှူး ဝေကမ္ဘာစိုးသည် အွန်လိုင်းမှတစ်ဆင့် ဗေဒင်ဟောပြောခြင်းနှင့် ကြွေဗေဒင် သင်တန်းများ ပို့ချပေးခြင်းတို့ဖြင့် လူသိများသူတစ်ဦးလည်း ဖြစ်သည်။

ဗေဒင်ပညာ သင်ယူနေသည့် တပည့်ဖြစ်သူတစ်ဦးက “ဆွမ်းကပ်ထားတဲ့ပုံလေးကို ဆရာ့ My Day မှာ တင်ထားတောင် မပျက်သေးဘူး။ ဒီမနက် ၁၀ နာရီ ဝန်းကျင်လောက်ဖြစ်မယ် ကျသွားတာ။ သူက ညောင်ကျိုးမှာ တာဝန်ကျနေတာလို့ သိရတယ်။ လက်နက်ကြီးထိပြီး ပွဲချင်းပြီး ဆုံးတယ်” ဟု ပြောဆိုသည်။

အဆိုပါ စစ်တပ်၏ ညောင်ကျိုးစခန်းသည် စစ်အုပ်စု၏ အမှတ် (၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၆) တည်ရှိရာ ညောင်ခြေထောက်ကျေးရွာနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ရေးအရ အလွန် အရေးပါသည့် စခန်းတစ်ခုဖြစ်သည်။ လက်ရှိတွင် အဆိုပါ ညောင်ကျိုးစခန်းကို ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် လပေါင်းများစွာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်