မင်္ဂလာဆောင်ပြီးတာ မကြာသေးဘူး… ယောကျ်ားချင်း ဖော-က်ပြန်တာတဲ့လား?
၁၅ နှစ်တာ သံယောဇဉ်ကို နှစ်လနဲ့ လဲလိုက်ကြတဲ့ အချိန်မှာ…
အိမ်ထောင်ရေးဆိုတာ လွယ်လွယ်နဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်သလို၊ တစ်နေ့တည်းနဲ့လည်း ပြိုကွဲသွားတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဘဝမှာ တစ်ခါမှ မတွေးထားဖူးတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံလာရတဲ့အခါ…။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနေ ဦးအေးမင်းဇော် + ဒေါ်နွယ်နီမြင့် တို့၏သား၊ တရားဝင်ခင်ပွန်းဖြစ်သူ ထက်လင်း နဲ့ ပတ်သက်ပြီး ရင်နာစရာ အမှန်တရားတွေကို ဇနီးဖြစ်သူက အခုလို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာပါတယ်။
“၁၅ နှစ်တာ တည်ဆောက်လာခဲ့တဲ့ သံယောဇဉ်တစ်ခုကို နှစ်လလောက်နဲ့ အလွယ်တကူ လဲလှယ်ခံလိုက်ရမယ်လို့ ကျွန်မဘဝမှာ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး…”
ဖောက်ပြန်စရာတွေ ရှားလို့ ယောကျ်ားချင်းပါ ဖောက်ပြန်ရတယ်ဆိုတဲ့ ဖြစ်ရပ်ဆန်းကြီးက နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ စတင်ခဲ့တာပါ။
လုပ်ဖော်ကိုင်ဖက် အမည်ခံကာ ခိုးစားနေကြတာကို ဘေးက အပေါင်းအပါ လူတစ်စုကလည်း မိန်းမသားချင်း ကိုယ်ချင်းမစာနာဘဲ အားပေးအားမြှောက် လုပ်နေကြတယ်လို့ ဆိုပါတယ်။
တစ်ယောက်တည်း ကျိတ်မှိတ်သည်းခံခဲ့ရတဲ့ (၃) လကျော်
ခင်ပွန်းဖြစ်သူရဲ့ နောက်ကွယ်က လုပ်ရပ်တွေ၊ ကိုယ့်ရဲ့ရုပ်ရည်ကို လှောင်ပြောင်နေကြတာတွေကို သိရက်နဲ့တောင် တည်ဆောက်ပြီးသား အိမ်ထောင်ရေး မပြိုကွဲသွားစေချင်တာ တစ်ခုတည်းနဲ့တင် (၃) လကျော်အထိ တစ်ယောက်တည်း ကျိတ်ခံစားပြီး ဆွဲထားခဲ့ရတယ်လို့ ဇနီးဖြစ်သူက ရင်ဖွင့်ထားပါတယ်။
အိမ်ထောင်ရေးတစ်ခုမှာ လိုအပ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တန်ဖိုးထားမှု တွေ လုံးဝမရှိတော့ဘဲ၊ အခုဆိုရင် အိမ်ကနေ ခွဲခွာသွားတာ ၂ လကျော် ရှိလာပြီ ဖြစ်ပါတယ်။

တရားဥပဒေနဲ့အညီ ရင်ဆိုင်တော့မည်
မိမိဘက်က အိမ်ထောင်ရေးကို ကယ်တင်ဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပြီးသလို၊ သည်းခံသင့်သလောက်လည်း သည်းခံပြီးပါပြီဖြစ်လို့ ယခုအခါမှာတော့ တရားဝင်အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့ တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားတော့မယ်လို့ ဆိုပါတယ်။
“ဒီစာဟာ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ ကျွန်မဘက်က ဘာကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရသလဲဆိုတာကို သိစေချင်လို့သာ အသိပေးလိုက်တာပါ။
တစ်ဖက်တည်းက ကြိုးစားနေရတဲ့ အိမ်ထောင်ရေးကိုတော့ ထာဝရ ဆွဲထားနိုင်မှာ မဟုတ်တော့ပါဘူး…” လို့ ခါးသီးတဲ့ အဆုံးသတ်ကို ရေးသားဖော်ပြထားပါတယ်။


ဒီလိုဖြစ်ရပ်မျိုးအပေါ် ပရိသတ်ကြီးအနေနဲ့ ဘယ်လိုမြင်ကြလဲဆိုတာ မျှဝေဆွေးနွေးသွားကြရအောင်လား။



Leave a Reply