Bar 4U မီးလောင်မှုနှင့်ပတ်သတ်ပြီး ကူးစက်ခံရသောဖုန်းဆိုင်ပိုင်ရှင် ဒါရိုက်တာညိုမင်းလွင်အပါအဝင် စုပေါင်းပိုင်ရှင် ၄ ဦးမှ သိန်း (၂၅၀၀) လျော်ကြေး တောင်း🙏🏻🙏🏻

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော Bar 4U စားသောက်ဆိုင် မီးလောင်မှုနှင့် ဆက်စပ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ပိုင်ရှင်မှာ လက်ရှိတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ မီးကူးစက်ခံရသည့် ဖုန်းဆိုင်ပိုင်ရှင် (၄) ဦး (ဒါရိုက်တာ ညိုမင်းလွင် အပါအဝင်) က ဆိုင်ပြင်ဆင်စရိတ်ဆိုကာ ကျပ်သိန်း (၂၅၀၀) အထိ လျော်ကြေးတောင်းခံနေသည့်အတွက် Bar 4U ဆိုင်ပိုင်ရှင်အနေဖြင့် အခက်တွေ့နေရခြင်း ဖြစ်သည်။
အနီးအနားရှိ အခြားဆိုင်များမှာ လျော်ကြေး လုံးဝမတောင်းဆိုကြသော်လည်း ဒါရိုက်တာ ညိုမင်းလွင်နှင့် ဖုန်းဆိုင်ပိုင်ရှင် (၃) ဦးတို့ကသာ ယခုကဲ့သို့ ကြီးမားသည့် ပမာဏကို တောင်းဆိုနေခြင်း ဖြစ်ကြောင်း ပိုင်ရှင်ဘက်က ရင်ဖွင့်ထားသည်။
ဒါရိုက်တာ ညိုမင်းလွင်နှင့် ဖုန်းဆိုင်ပိုင်ရှင်များသည် မီဒီယာရှေ့တွင် စာနာပြကာ မျက်ရည်ကျပြခြင်း၊ ကွယ်လွန်သွားသော ဝန်ထမ်း (၂) ဦးအတွက်ပင် (၁၀) သိန်းစီ (စုစုပေါင်း သိန်း ၂၀) ကို ဟန်ပြလှူဒါန်းပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

သို့သော် လက်တွေ့မြေပြင်တွင်မူ ဆိုင်ပြင်ဆင်စရိတ်အမည်ခံကာ သိန်းထောင်ချီ တောင်းခံနေမှုများ ရှိနေခြင်းက လူအများကြား ဝေဖန်စရာ ဖြစ်လာသည်။
မီးလောင်မှုဖြစ်ပွားချိန်က ဒါရိုက်တာ ညိုမင်းလွင်ကိုယ်တိုင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဆိုင်သိမ်းထားချိန်ဖြစ်သဖြင့် MacBook တစ်လုံးသာ ပါသွားခဲ့ပြီး အခြားဆုံးရှုံးမှု မရှိကြောင်း ရေးသားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ယင်းပို့စ်ကို ပြန်လည်ဖျက်သွားခဲ့သည်ကို တွေ့ရသည်။
ထို့နောက် ဆိုင်ရှင်ဖြစ်ကြသည့် ကိုညွန့်ဝင်းနှင့် မကစ်တီလေးတို့ လင်မယား ရောက်ရှိလာပြီးနောက်ပိုင်းမှသာ မီဒီယားမျိုးစုံကို ခေါ်ကာ ဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ချီရှိကြောင်း သတင်းများ ပြောင်းလဲအောင်ဖန်တီးစေခဲ့တာပါ ။
သို့သော် နောက်တစ်နေ့တွင် ပစ္စည်းထုတ်ယူရှင်းလင်းသည့်အခါ မီးလောင်ထားသည့် MacBook တစ်လုံး၊ Michael Kors နာရီတစ်လုံးနှင့် ဂစ်တာတစ်လက်တို့ကိုသာ ပြသနိုင်ခဲ့သည်။
တကယ်တမ်း သိန်းထောင်ချီ ဆုံးရှုံးသည်ဆိုပါက မီးလောင်ထားသည့် iPhone များ၊ MacBook များ၊ iMac ကဲ့သို့သော တန်ဖိုးကြီး အီလက်ထရွန်နစ်ပစ္စည်း အကြွင်းအကျန်များကို အများအပြား တွေ့ရှိရမည်ဖြစ်သည်။

သို့သော် ပြစရာပင် မကျန်လောက်အောင် ဖြစ်သွားသည်ဟု ဆိုရန် ခဲယဉ်းနေပြီး မီးသတ်တပ်ဖွဲ့၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးစာရင်းတွင်လည်း (၁၀) သိန်း (၅) သောင်းကျပ် အဖြစ်သာ ဖော်ပြထားကြောင်း သိရှိရသည်။
နီးစပ်ရာ ဆိုင်မှဝန်ထမ်းများကလဲ “ စလောင်တဲ့ညက Bar4Uဆိုင်ပိုင်ရှင်က အားလုံးကိုတာဝန်ယူပါမယ်ဆိုပြီး ကူးခံရတဲ့ဆိုင်တွေကိုဆုံးရှုံးသွားတဲ့ပစ္စည်းများစာရင်းလုပ်ပြီးတန်ဖိုးရေးပေးပါလို့တောင်းခဲ့တာပါ။
အဲ့တာကို Phone Bankပိုင်ရှင်အဖွဲ့က တန်ဖိုးတစ်ခုမှရေးမထားဘူး သူတို့အချင်းချင်း ဘယ်လောက်တောင်းရမလဲဆိုပြီးညှိနေတာထင်တယ် ဖုန်းတွေအကုန်သိမ်းထားလို့ တစ်ခုမှမလောင်သွားပါဘူး။
ကိုညိုမင်းလွင်တောင် သူကိုယ်တိုင်ကြည့်ပြီး fbမှာ macbookတစ်လုံးပဲလောင်သွားတာပါလို့တင်ခဲ့သေးတယ် “ လို့ ပြောထားတာပါ။

ယခုဖြစ်ရပ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည့် Bar 4U ဆိုင်ဘက်တွင် ပစ္စည်းဆုံးရှုံးရုံသာမက ဝန်ထမ်း (၂) ယောက်ပါ အသက်ဆုံးရှုံးခဲ့ရသည့် အလွန်ရင်နာစရာကောင်းသော လူအသေအပျောက် အပါအဝင် ကြီးမားသည့် ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။
သို့သော် ထိုသို့ အသက်ဆုံးရှုံးမှုအထိ ဖြစ်ပွားခဲ့ရခြင်းကို အနည်းငယ်မျှ အားနာခြင်း၊ စာနာခြင်းမရှိဘဲ ဖုန်းဆိုင်ဘက်မှ မီဒီယာပေါင်းစုံခေါ်ကာ အင်တာဗျူးများ အပြုံလိုက်ဖြေဆိုခြင်း၊ ဆိုင်အသစ်ဖွင့်ပွဲကိုပါ ကြေညာသွားခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။
ဤအချက်များကို ကြည့်ခြင်းအားဖြင့် မီးလောင်သည့် အခြေအနေနှင့် အခြားသူများ၏ နစ်နာဆုံးရှုံးမှုကို အခွင့်ကောင်းယူကာ မိမိတို့ဆိုင် နာမည်ထွက်လာစေရန် (Black Marketing ကဲ့သို့သော နည်းလမ်းဖြင့် Publicity ရှာခြင်း) သက်သက်သာ ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြနေကြသည်။



Leave a Reply