📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စင်းခန်းတံတားနားက အုပ်လိုက်ကြီး KIA, KPDF က ဇာတ်သိမ်းပေးလိုက်ပြီ

စင်းခန်းတံတားအနီး စစ်အာဏာရှင်တပ်ကို KIA ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း

ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကနေ စင်းခန်းတံတားအထက်ဘက်မှာ ချခဲ့တဲ့ စစ်အာဏာရှင်တပ်သားတွေကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက တချို့ စင်းခန်းတံတား အထက်ဘက်မှာ ကမ်းကပ်ပြီး စစ်အင်အားတစ်ချို့ ချခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်အာဏာရှင်တပ်တွေကို ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေက စင်တင်ဘာ ၁၆ ရက်နေ့မှာ အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီး ဗန်းမော်နဲ့ စင်းခန်းတံတား အောက်ဘက် ဇင်းဘုံကြားက စစ်အာဏာရှင်တပ်တွေ ကင်းစင်သွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“အလံဖြူထောင်တဲ့အဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေ ဝိုင်းဖမ်းနေတဲ့အချိန်မှာ ကျနော် မသိလိုက်တဲ့အချိန်မှာပဲ စင်ခန်းတံတားအထက်မှာ စစ်အင်အား ၁၀၀လောက်ရှိတဲ့ သင်္ဘောတခု ကပ်သွားပြီးတော့ စစ်သားတွေ ဆင်းသွားကြတယ်။ ပြီးတော့ စင်ခန်းအထက် နမ့်ခုတ်၊ ဘူးတောင်း အဲ့မှာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းပေါ့ အဲ့မှာလည်း သင်္ဘောကပ်ပြီး အင်အား ၅၀ ခန့် ဆင်းသွားကြတယ်။

ဧရာဝတီမြစ် အရှေ့ခြမ်း စင်ခန်းတံတအားအထက် အင်အား ၁၀၀ လောက်ဆင်းသွားတဲ့နေရာမှာ အင်အား ၃၀-၄၀ ကြားကိုတော့ ရှင်းလင်းလိုက်နိုင်ခဲ့တယ်။ မနေ့က (စက်တင်ဘာ ၁၆ရက်) အပြီးသတ်ရှင်းနိုင်ခဲ့တယ်။ သေနတ် ၃၀ ကျော် ရခဲ့တယ်။ စတားလင့်တွေရော။ ဆူဆိုက်ဒရုန်း ၁၅ စီးနဲ့ ဒရုန်းအကြီးတွေရော ရခဲ့တယ်။

အဲနေရာမှာပဲ ၉ ရက်နေ့ တိုက်တုန်းကလဲညအလောင်း ၁၈ ခုနဲ့ သေနတ် ၁၉ လက်ရတယ်။ စင်းခန်းနားမှာ ခိုနေတဲ့ အဖွဲ့တွေကိုဆို အပြီးသတ် မရှင်းလင်းနိုင်ခင်မှာပဲ ၁၅ ရက်နေ့ ည ၁၁ လောက်မှာ ဗန်းမော်ကနေဆင်းလာတဲ့ သင်္ဘောတွေက စင်ခန်းတံတားအထက်မှာ တစ်ဖွဲ့ကို စစ်တပ်က ခေါ်သွားနိုင်ခဲ့တယ်။

တဖွဲ့ကိုတော့ အပြီးသတ်ရှင်းလင်းနိုင်ခဲ့တယ်။ ဧရာဝတီမြစ်အနောက်ခြမ်း စင်းခန်းအထက် ဘူးတောင်း၊ နမ့်ခုတ်မှာ ဆင်းသွားတဲ့ စစ်အင်အား ၅၀ ခန့်ကိုတော့ စက်တင်ဘာလ (၇/၈) ရက် ဝန်းကျင်းမှာ ရှင်းလင်းနိုင်ခဲ့တယ်။”

ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်သင်္ဘောရေယာဉ်အုပ်စုကို စင်ခန်းတံတားအနီးမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်သင်္ဘောတချို ထိခိုက်ပျက်စီးခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့က စစ်သုံ့ပန်း ၁၅၁ယောက် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က ဗန်းမော်မြို့တိုက်ပွဲမှာရှိနေတဲ့ တပ်ရင်းတွေ ချိန်းပြောင်းဖို့အတွက် ဗန်းမော်မြို့ကနေ သင်္ဘော ၇စီးနဲ့ ဧရာ၀တီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ သင်္ဘော ၇ စင်းထဲက ၂ စင်း နှစ်မြှုပ်သွားပြီး အဲဒီထဲက သင်္ဘော တစင်းမှာ ခလရ (၂၃၇) တပ်ရင်းမှူးနဲ့ အင်အား ၇၀ ၀န်းကျင်ပါသွားတယ်လို့ ဆိုပါတယ်။

“ဇင်းဘုံမှာ ၂ စင်း မြုပ်သွားတယ်။ ပြန်ဆင်းသွားတဲ့အထဲမှာ သံခွန် ၄ စင်း ရွှေကူကို ရောက်တယ်။ သင်္ဘောအသေး ၆ စင်းလည်း ရောက်တယ်။ အဲဒီထဲကမှ သံခွန်အကြီး တစင်းက ရွှေကူမှာ ထပ်မြုပ်သွားတာ။ မြစ်ကျဉ်းမှာ မြုပ်သွားတဲ့ ၂ စင်းထဲမှာ တစင်းက ၂၃၇ တပ်ရင်းမှူးနဲ့ သူ့ရဲ့တပ်သား အင်းအား ၇၀ ခန့် ပါသွားတယ်လို့ သိရတယ်။”

ခလရ-၂၃၇ တပ်ဟာ ကချင် ပြည်နယ်၊ မိုးမောက်မြို့နယ် အခြေစိုက်တပ်ရင်းဖြစ်‌ပေမဲ့ ၂၀၂၄ မှာ KIA က တပ်ရင်းအခြေစိုက်နေရာတွေကို သိမ်းပိုက်ခဲ့တာကြောင့် ခမရ – ၃၂၀နဲ့အတူ ဗန်းမော်မြို့နယ်ကို ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ သင်္ဘော ၃ စင်းမှာလည်း ဝဲမကြီးအနီး သင်္ဘော တစင်း နှစ်မြှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်နေ့မှာ သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ စစ်တပ် Y12 လေယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့ပြီး လေယာဉ်ပျက်ကျသွားတဲ့နေရာကို ရှာဖွေနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်က စင်တင်ဘာလဆန်းပိုင်းမှာ ဗန်းမော်ကိုစစ်ကူဖို လူအင်အား၊ လက်နက်အင်အားနဲ့ ရိက္ခာတွေတင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘောအစင်းရေ ၃၀ ကျော်ကို နှစ်သုတ်ခွဲ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ရာ စက်တင်ဘာလအတွင်း သင်္ဘော အစီး ၂၀ နီးပါး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

✍🏻 ဟန်န

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်